MDF က လေကြောင်းရန်ကာကွယ်ရေးအတွက် အငယ်စားရိုင်ဖက် ထုတ်လုပ်

Photo: Myanmar Defense Force - MDF
Photo: Myanmar Defense Force - MDF
MDF က လေကြောင်းရန်ကာကွယ်ရေးအတွက် အငယ်စားရိုင်ဖက် ထုတ်လုပ်

Myanmar Defense Force မှ  လေကြောင်းရန်ကာကွယ်ရေးအတွက် အငယ်စားရိုင်ဖယ်ကို ကိုယ်တိုင် ထုတ်လုပ်နိုင်ခဲ့ကာ စမ်းသပ်အောင်မြင်ပြီဖြစ်ကြောင်း မေလ(၁၁)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

Myanmar Defense Force သည်  စစ်ကောင်စီ၏ လေကြောင်းရန်များမှ  အထိုက်အလျောက် ကာကွယ်နိုင်ရန်အတွက် MDF ၏ လက်နက်ထုတ်လုပ်ရေးဌာနမှ ၇.၆၂ ကျည်သုံး တာဝေးပစ် ရိုင်ဖယ်တစ်မျိုးကို ထုတ်လုပ်စမ်းသပ် အောင်မြင်ခဲ့ခြင်းဖြစ်သည်။

ထိုကြောင့် MDF တပ်ရင်းတွင် အသုံးပြုရန်အတွက် လုံလောက်သည့် အရေအတွက်တစ်ခုထိ ထုတ်လုပ်ထားပြီး ထပ်မံထုတ်လုပ်ပြီး မဟာမိတ် ညီနောင်တပ်ရင်းတပ်ဖွဲ့များသို့ ဝေမျှနိုင်ရန်လည်း ကြိုးစားနေကြောင်း ထုတ်ပြန်သည်။

ထိုသို့ အမြောက်အများထုတ်လုပ်၍ မဟာမိတ်များသို ဖြန့်ဝေနိုင်ရန်လည်း ပြည်သူများ၏ အထောက်အပံ့ အကူအညီများ လိုအပ်ကြောင်း တိုက်တွန်းထားသည်။