ပျူစောထီးများက "သွေးသောက်အဖွဲ့ကွ"ဟု ကြွေးကြော်ပြီး  NLD ထောက်ခံသူ၏ စွပ်စွဲပြီး အုပ်ချုပ်ရေးမှူးဟောင်းကို သေနတ်ဖြင့် ပစ်သတ်သွား

 ပျူစောထီးများက "သွေးသောက်အဖွဲ့ကွ"ဟု ကြွေးကြော်ပြီး  NLD ထောက်ခံသူ၏ စွပ်စွဲပြီး အုပ်ချုပ်ရေးမှူးဟောင်းကို သေနတ်ဖြင့် ပစ်သတ်သွား

 စဥ့်ကူးမြို့နယ်၊ ခူလယ်ကျေးရွာမှ အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးကို  ပျူစောထီးများက "သွေးသောက်အဖွဲ့ကွ"ဟု အော်ဟစ်ကာ သေနတ်ဖြင့် ပစ်သတ်သွားကြောင်း ဒေသခံများထံက သိရသည်။ 

"ဦးမောင်ဆွေက စစ်တပ်က အာဏာသိမ်းတော့ အုပ်ချုပ်ရေးမှူးကနေ နားလိုက်တာ။ ဘာနိုင်ငံရေးမှ မလုပ်ဘူး။ အုပ်ချုပ်ရေးမှူးလုပ်တုန်းက NLD အောင်နိုင်ရေး လုပ်ခဲ့တယ်ဆိုပြီး စွပ်ဆွဲပြီး သတ်တာ"ဟု  နီးစပ်သူတစ်ဦးကပြောသည်။

ဦးမောင်ဆွေ နေအိမ်၌ ရှိနေစဥ် ဧပြီ(၂၉)ရက်နေ့ ညပိုင်းက   ခူလယ်ရွာမှ ပျူစောထီးတင်ဝမ်းဆိုသူနှင့်အဖွဲ့တို့က "စဥ့်ကူးသွေးသောက်အဖွဲ့ကွ"ဟု အော်ဟစ်ကာ သေနတ်ဖြင့်ပစ်သတ်သွားခြင်း ဖြစ်ကြောင်းသိရသည်။

စဥ့်ကူးသွေးသောက်အဖွဲ့ ဆိုသူများက ဧပြီလ(၂၉)ရက်နေ့တွင် ရှောက်ပင်ရိုးကျေးရွာမှ စစ်ကောင်စီ သတင်းပေး ဒလန်ဟုဆိုသည့် ဦးကျော်သိန်းကို PDF အဖွဲ့များက သတ်ဖြတ်ခဲ့သောကြောင့် ယခုလို လက်တုန့်ပြန် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားပြီး ထပ်မံ၍ ဒလန်များအား သတ်ပါက NLD မိသားစုဝင်များကို သတ်ဖြတ်သွားမည်ဟု ခြိမ်းခြောက်ထားသည်။

စစ်တပ်က ၎င်းတို့အား ထောက်ခံအားပေးသူများကို ရပ်ကျေးများအထိ အဖွဲ့များဖွဲ့ကာ လက်နက်များတပ်ဆင်ပေးထားပြီး အဆိုပါ အဖွဲ့များက ဥပဒေမဲ့ရမ်းကားခြင်းများလုပ်ဆောင်နေသည်။