ဦးချစ်ခိုင်ကို ဖမ်းဆီးထားသည့် စစ်ကောင်စီအဖွဲ့က ဦးချစ်ခိုင်၏ မြန်မာ့ရှေ့ဆောင်ဘဏ် နှင့် ပတ်သက်ပြီး စိတ်မပူရန် သတင်းထုတ်ပြန်

ဦးချစ်ခိုင်ကို ဖမ်းဆီးထားသည့် စစ်ကောင်စီအဖွဲ့က ဦးချစ်ခိုင်၏ မြန်မာ့ရှေ့ဆောင်ဘဏ် နှင့် ပတ်သက်ပြီး စိတ်မပူရန် သတင်းထုတ်ပြန်
ဧပြီ 28, 2022

မြန်မာ့ရှေ့ဆောင်ဘဏ် ဥက္ကဌ ဧဒင်ဦးချစ်ခိုင်နှင့် အမှုဆောင်အရာရှိချုပ်တို့အား အာဏာသိမ်းစစ်ကောင်စီက အဂတိမှုဖြင့် ဖမ်းဆီးလိုက်ပြီးနောက် မြန်မာ့ရှေ့ဆောင်ဘဏ်နှင့်ပတ်သက်ပြီး ငွေစုဆောင်းထားရှိသူများ စိုးရိမ်ပူပန်ရန် မလိုကြောင်း စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ထုတ်ပြန်ကြေညာလာသည်ကို တွေ့ရသည်။

၎င်းတို့နှစ်ဦးကို အဂတိဥပဒေပုဒ်မ ၅၅/၆၃ ဖြင့် အရေးယူထားပြီး ၎င်းတို့၏ နေရာတွင် အာဏာသိမ်းစစ်ကောင်စီက အစားထိုးခန့်အပ်မှုကို  ဧပြီလ(၂၇)ရက်တွင် ပြုလုပ်‌လိုက်ကြောင်း နှင့်  ယခုလို ထုတ်ပြန်မှုသည် မြန်မာနိုင်ငံဗဟိုဘဏ် ၏ ငွေကြေးတည်ငြိမ်ရေး၊ ငွေရေးကြေးရေးစနစ်တည်ငြိမ်ရေးနှင့် ထိရောက်သောငွေပေးချေမှုနှင့် စရင်းရှင်းလင်းမှုစနစ်များ ခိုင်မာ တိုးတက်စေရေး စသည့်ရည်ရွယ်ချက်များ တိုးတက်အောင်မြင်စေ ရန်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း  ထုတ်ပြန်ထားသည်။

ဦးချစ်ခိုင်ကို ပြည်ပခရီးစဉ်တစ်ခုမှအပြန်  ဧပြီလ(၂၅)ရက်နေ့ ညနေပိုင်းက ရန်ကုန်တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။ 

ဦးချစ်ခိုင်သည် ဆောက်လုပ်ရေး၊ ဟိုတယ်နှင့် ခရီးသွား၊ စွမ်းအင်စသည့် လုပ်ငန်းများ လုပ်ကိုင်နေသည့် ဧဒင်ဂရု ၏ ဥက္ကဌဖြစ်ကာ   Denko တို့ကို လည်း ပိုင်ဆိုင်သူဖြစ်သည်။



အာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံ့အာဏာကို သိမ်းယူလိုက်ပြီးနောက် NLD ၏ အစိုးရအဖွဲ့ဝင် အားလုံးကို ဖမ်းဆီးပြီး အဂတိမှုများဖြင့် အမှုဖွင့်သလို ၎င်းတို့အား ထောက်ခံခြင်းမရှိသူများကိုလည်း အပြစ်မရှိ မပြစ်ရှာက ပုဒ်မမျိုးစုံတပ်ပြီး အမှုဖွင့် ဖမ်းဆီးလေ့ရှိသည်။