ရွှေဘိုမြို့တွင် CDM ရှေ့နေတစ်ဦး၏ ချိတ်ပိတ်ခံထားရသည့် နေအိမ် မီးရှို့ခံရ

ရွှေဘိုမြို့တွင် CDM ရှေ့နေတစ်ဦး၏ ချိတ်ပိတ်ခံထားရသည့် နေအိမ် မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ သက်သာပန်းတောင်ရပ်ရှိ CDM ရှေ့နေတစ်ဦး၏ နေအိမ် ယနေ့ မတ်လ(၂၆)ရက်နေ့ နေ့လည်(၂)ခွဲဝန်းကျင်က မီးရှို့ခံရကြောင်း ဒေသခံများထံမှ သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် သက်သာပန်းတောင်(၆) လမ်းရှိ CDM ရှေ့နေ့ကို ယခင်လများက လာရောက်ဖမ်းဆီးသော်လည်း မတွေ့ရှိသဖြင့် နေအိမ်ကို ချိတ်ပိတ်ထားခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနေအိမ် မီးလောင်ပြီးနောက် ကားတစ်စီးနှင့် အကြမ်းဖက်စစ်ကောင်စီတပ်များ၊ ရဲများနှင့် (၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ ရောက်ရှိလာကြကြောင်း သိရသည်။

(၉)ရပ်ကွက် အုပ်ချုပ်ရေးမှူး

၎င်းအုပ်ချုပ်ရေးမှူးမှာ ပြီးခဲ့သည့်လက တော်လှန်‌ရေးအဖွဲ့များက နေအိမ်ကို ဗုံးပစ်တိုက်ခိုက်ခဲ့သဖြင့် ထွက်ပြေးတိမ်းရှောင်နေရာကပြန်လည် ပေါ်လာခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

#TachileikNewsAgency