ကလောမြို့နယ်အတွင်းရှိ ခမရ ၁၁၂ တပ် အဝင်ပေါက်ကို မြို့ပြပြောက်ကျားအဖွဲ့က ဗုံးခွဲ

ကလောမြို့နယ်အတွင်းရှိ ခမရ ၁၁၂ တပ် အဝင်ပေါက်ကို မြို့ပြပြောက်ကျားအဖွဲ့က ဗုံးခွဲ
မတ် 16, 2022 | ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်အတွင်း အင်းပြင်ရွာရှိ စစ်ကောင်စီတပ်၏ အမှတ်(၁၁၂)ခြေမြန်တပ်ရင်း  အဝင်ပေါက်ကို ဗုံးဖြင့် အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အောင်ပန်းမြို့ပြပြောက်ကျားတပ်စုက သတင်းထုတ်ပြန်လာသည်။

ယနေ့ မတ်လ(၁၆)ရက်နေ့တွင်  အောင်ပန်းမြို့ပြပြောက်ကျားတပ်စုက တိုက်ခိုက်ခြင်းဖြစ်ပြီး ယင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတစ်ဦး ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရရှိသွားသော်လည်း တပ်တွင်းသတင်းဖုံးထားသည်ဟု သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအားလုံးသည် ဒေသအလိုက် စစ်ဆင်ရေးများ၊ ပစ်မှတ်ထား တိုက်ခိုက်မှုများကို အရှိန်အဟုန်မြင့်ကာ လုပ်ဆောင်နေသည့်အတွက် ပြည်သူများအနေဖြင့် တတ်နိုင်သည့်ဘက်မှ ပါဝင်ကူညီပံ့ပေးကြရန်လည်း က အသိပေး မေတ္တာရပ်ခံ တောင်းဆို ထားရှိသည်။

အောင်ပန်းမြို့ပြပြောက်ကျားတပ်စု(UTF-ABN)သည် မတ်လ(၁၂)ရက်နေ့ကလည်း အောင်ပန်းမြို့ရှိ လျှပ်စစ်ရုံးကို သတိပေးသည့်အနေဖြင့် တိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။