ရွာငံလွှတ်တော်ကိုယ်စားလှယ် အပါအဝင် (၃)ဦး ဖမ်းဆီးခံရ

ရွာငံလွှတ်တော်ကိုယ်စားလှယ် အပါအဝင် (၃)ဦး ဖမ်းဆီးခံရ
မတ် 7, 2022 | ရှမ်းတောင်

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် အလယ်ချောင်ကျေးရွာတွင် NLD ၏ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဝဏ္ဏ အပါအဝင် (၃)ဦး ဖမ်းဆီးခံရကြောင်း သိရသည်။

ယနေ့ ၂၀၂၂ခုနှစ် နံနက်(၄)နာရီဝန်းကျင်အချိန်က လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဝဏ္ဏ အပါအဝင် (၃)ဦးကို ဖမ်းဆီးသွားခြင်း ဖြစ်ပြီး အလယ်ချောင်ရွာတဝိုက်တွင်လည်း အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့်ရဲများ ခြေရှုပ်‌နေသည်ဟု Voice of Pindaya ၏ ဖော်ပြချက်အရ သိရသည်။

၎င်းသည် ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး စစ်တပ်မှ အာဏာစသိမ်းစဉ်က တစ်ပတ်ဝန်းကျင် ခေါ်ယူထိန်းသိမ်းခံရကာ ပြန်လည်လွှတ်ပေးလိုက်ပြီးနောက်တွင် ယနေ့ နံနက်၌ ဖမ်းဆီးခံရခြင်းဖြစ်သည်။