ဘာမှမရှိတဲ့ အနေအထားနဲ့ လုပ်ရဲ ကိုင်ရဲတဲ့ PDF များရဲ့ သတ္တိကို ရက္ခိုင့်တပ်တော်(AA) ချီးကျူး

ဘာမှမရှိတဲ့ အနေအထားနဲ့ လုပ်ရဲ ကိုင်ရဲတဲ့ PDF များရဲ့ သတ္တိကို ရက္ခိုင့်တပ်တော်(AA) ချီးကျူး

ရက္ခိုင့်တပ်တော်(AA)က စစ်အာရှင်စနစ်ကို တော်လှန်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ၏ ဘာမှမရှိသည့် အနေအထားဖြင့် လုပ်ရဲသည့် သတ္တိကို ချီးကျူးကြောင်း ပြောဆိုလိုက်သည်။

အခု PDF တွေရဲ့ တိုက်ခိုက်ရေး စွမ်းရည်ကို ဘယ်လိုမြင်လဲဆိုတာကို ကျွန်တော်တို့ဖြေကြားပေးရမယ်ဆိုတော့ကာ ဒီလောက် တစ်ခုမှ မရှိတဲ့ အနေအထားနဲ့ လုပ်ရဲတဲ့ သတ္တိကိုတော့  ကျွန်တော်တို့ မချီးကျူးဘဲ မနေနိုင်ဘူးလို့ပဲ ကျွန်တော်တို့က ပြောရဖို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း PDF တွေအနေနဲ့ သူတို့တွေ စည်းကမ်းပိုင်းနဲ့ စုစည်းညီညွတ်မှုအပိုင်းကို အခုထက်ပိုပြီးတော့ စနစ်တကျ ထိန်းကျောင်းမယ်ဆိုရင် ပိုပြီးတော့ ကောင်းလာမယ်။

ဟု ခိုင်သုခ က ပြောသည်။

ယနေ့ မတ်လ(၅)ရက်နေ့တွင် ပြုလုပ်သည့် ရက္ခိုင့်တပ်တော်(AA)၏ သတင်းစာရှင်းလင်းပွဲတွင် AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံအတွင်း ပေါ်ပေါက်လာသော  တော်လှန်ရေးအင်အားစုများကိုလည်း အသိအမှတ်ပြုကာ စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်လိုစိတ်နှင့်ကြိုးပမ်းမှုကို အသိအမှတ်ပြုကြောင်း ခိုင်သုခက ပြောသည်။

ကျွန်တော်တို့က မြန်မာပြည်မထဲ ပြည်သူတွေရဲ့ ဖိနှိပ်ခံနေရတာတွေကို စာနာပါတယ်။ ကိုယ်ချင်းစာပါတယ်။ သူတို့ရဲ့ဖိနှိပ်ခံအောက်က လွတ်မြောက်လိုစိတ်နဲ့ ကြိုးပမ်းနေမှုကို အသိအမှတ်ပြုပါတယ်

ဟု ၎င်းကဆိုသည်။

 

စစ်တပ်က အာာဏာသိမ်းပြီး လအတန်ကြာတွင် ဆန္ဒပြရာကနေ မဖြစ်မနေ လက်နက်ကိုင်တော်လှန်ရသည့် အခြေအနေသို့ စိုက်ရောက်လာခဲ့ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်များကို စစ်တိုင်း(၅)ခုဖြင့် ဖွဲ့စည်းပြီးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်လာခြင်းဖြစ်သည်။