အင်္ဂဘိုရှိ စစ်အုပ်စုပိုင် Mytel တာဝါတိုင်၏ အစောင့် တပ်သားများ KNLA နှင့် KRF ပူးပေါင်းအဖွဲ့၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် (၂)ဦး သေသွား

အင်္ဂဘိုရှိ စစ်အုပ်စုပိုင် Mytel တာဝါတိုင်၏ အစောင့် တပ်သားများ KNLA နှင့် KRF ပူးပေါင်းအဖွဲ့၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် (၂)ဦး သေသွား
ဖေဖော်ဝါရီ 21, 2022 | အခြားဒေသများ

မွန်ပြည်နယ်အတွင်း ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာရှိ အာဏာသိမ်း‌စစ်အုပ်စုပိုင် Mytel Tower တိုင်အား စောင့်ကြပ်‌ပေးနေရသည့် စစ်ကောင်စီတပ်သားများကို KNLA နှင့် ပူးပေါင်း Kyaikhto Revolution Force တို့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား(၂)ဦးသေသွားသည်။

စစ်အုပ်စုပိုင် Mytel Tower တိုင်အား စောင့်ကြပ်ပေးနေရသည့် စစ်ကောင်စီတပ်သားများကို ဖေဖော်ဝါရီလ(၂၀)ရက်၊ ညပိုင်းက သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

 

KRF သည် စစ်အာဏာရှင်စနစ်ကျဆုံးသည် အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကာ စစ်ကောင်စီလက်ပါးစေများ၊ သတင်းပေးဒလန်များနှင့် ဒေါက်တိုင်များအား ဆက်လက်၍ တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။