အာဏာသိမ်းစစ်ကောင်စီတပ်က လွိုင်ကော်တွင် အရပ်သား (၂)ဦးကို မီးရှို့သတ်ဖြတ်

Photo: Karenni Nationalities Defense Force-KNDF
Photo: Karenni Nationalities Defense Force-KNDF
အာဏာသိမ်းစစ်ကောင်စီတပ်က လွိုင်ကော်တွင် အရပ်သား (၂)ဦးကို မီးရှို့သတ်ဖြတ်
ဖေဖော်ဝါရီ 11, 2022 | ကယား

 ကရင်နီ (ကယား)ပြည်နယ်၊ လွိုင်ကော်မြို့၊ စံပြသုံးမိုင် ပါကျဲကျေးရွာတွင် အာဏာသိမ်းစစ်ကောင်စီ တပ်က ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၁၀)ရက်နေ့တွင် အရပ်သား (၂) ဦးကို မီးရှို့သတ်သွားကြောင်း သိရသည်။

ယမန်နေ့က အဆိုပါကျေးရွာအနီးတွင် တစ်နေကုန်တိုက်ပွဲဖြစ်ပွားနေခဲ့ပြီး အာဏာသိမ်းစစ်တပ်က နေအိမ်များကို မီးရှို့မှုများလုပ်သည်ကို တွေ့ခဲ့ရပြီး ၎င်းတို့မီးရှို့ထားခဲ့သည့် အရပ်သား (၂) ဦး၏ အလောင်းကိုလည်း ယနေ့ ဖေဖော်ဝါရီလ(၁၁)ရက်နေ့တွင် KNDF က စစ်ဆေးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်က အရပ်သား (၂)ဦးကို စစ်ဝတ်စုံများ ဝတ်ပေးပြီး မီးရှို့သတ်ဖြတ်ထားခဲ့သည်ကို တွေ့ရကြောင်း KNDF က သတင်းထုတ်ပြန်ချက်အရ သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် ၎င်းတို့ရောက်ရာနေရာများတွင် အရပ်သားနေအိမ်များအား မီးရှို့ခြင်း၊ လူများကို အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခြင်းအပါအဝင် ရက်စက်စွာ သတ်ဖြတ်ခြင်းများကို လုပ်နေသည်ကို အများအပြားတွေ့ရသည်။