ဒီးမော့ဆိုမြို့နယ်အတွင်း အောင်ချမ်းသာရွာမှ နေအိမ် ၄ လုံးကို အာဏာသိမ်းစစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

Photo: DMO-PDF
Photo: DMO-PDF
ဒီးမော့ဆိုမြို့နယ်အတွင်း အောင်ချမ်းသာရွာမှ နေအိမ် ၄ လုံးကို အာဏာသိမ်းစစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး
ဖေဖော်ဝါရီ 10, 2022 | ကယား

 ကရင်နီ (ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စုအတွင်း အောင်ချမ်းသာကျေးရွာတွင် ယနေ့ ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၁၀)ရက်နေ့က တိုက်ပွဲတစ်နာရီဝန်းကျင် ဖြစ်ပွားပြီးနောက် အာဏာသိမ်းစစ်ကောင်စီတပ်က နေအိမ် (၄) လုံးကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရသည်။

အဆိုပါ ကျေးရွာတွင် အာဏာသိမ်းစစ်ကောင်စီ တပ်က  အရပ်သားပြည်သူများ၏ နေအိမ်များမှ ပစ္စည်းများ ခိုးယူနေသည့်အတွက်  ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-PDF)က ယနေ့တွင် သွားရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ပွဲသည် နံနက်(၉)နာရီမှ (၁၀)နာရီထိ တစ်နာရီကျော်ကြာဖြစ်ပွားခဲ့ပြီး အာဏာသိမ်းကောင်စီတပ်ဖက်မှ (၃) ဦးမှာ စနိုက်ဘာလက်ချက်ဖြင့်‌ သေသွားကြောင်း သိရသည်။