လွိုင်ကော်မြို့တွင် တစ်နေ့တည်း Covid-19 ကူးစက်ခံထားရသူ (၂၂)ဦး တွေ့ရှိ

Photo: ရွှေလွိုင်ကော်ပရဟိတ အသင်း
Photo: ရွှေလွိုင်ကော်ပရဟိတ အသင်း
လွိုင်ကော်မြို့တွင် တစ်နေ့တည်း Covid-19 ကူးစက်ခံထားရသူ (၂၂)ဦး တွေ့ရှိ
ဇူလိုင် 12, 2021 | Covid-19| ကယား

ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့တွင် ၂၀၂၁ ခုနှစ် ဇူလိုင်လ(၁၂)ရက်နေ့ စစ်ဆေးချက်အရ Covid-19 ပိုးတွေ့ရှိသူ (၂၂)ဦးရှိပြီး တစ်နေ့တည်းပိုးတွေ့ရှိမှု အများဆုံး ဖြစ်လာကြောင်းသိရသည်။ 

ပိုးတွေ့ရှိသူများမှာ ဇူလိုင်လ (၁၂)ရက်နေ့ စစ်ဆေးချက်အရ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးရှိ သံသယ လူနာများထဲမှ  ဆေးစစ်ချက်အရ ပိုးတွေ့သူ (၁၁) ဦးနှင့်  သူနာပြု သင်တန်းကျောင်း Quarantine Center မှ  RDT ဖြင့် စစ်ဆေးရာမှ ပိုးတွေ့သူ (၁၁)ဦးတို့ဖြစ်ကြောင်း  သိရသည်။ 

 

လွိုင်ကော်မြို့ ကြည်သာယာနှင့် နမ့်ဘော်ဝမ်ရပ်ကွက်အစပ် မူလွန်ကျောင်းအနီးမှ အမျိုးသမီး (၄)ဦးနှင့် အမျိုးသား(၂)ဦး ၊ကြည်သာယာရပ်ကွက်မှ  အမျိုးသမီး (၁)ဦး၊ ဒေါဥခူရပ်ကွက်ရှိ ပြည်နယ်ခရိုင် စုပေါင်းရုံးမှ  အမျိုးသမီ(၁)ဦး၊ ဒေါဥခူရပ်ကွက် စိန်ပန်းလမ်းမှ အမျိုးသား (၁) ဦး၊ လွိုင်ကော်တက္ကသိုလ်မှ အမျိုးသား(၁)ဦး ၊ ပင်လောင်းမှ ပြန်လာသူ  အမျိုးသမီး(၁)ဦး၊ နန်းမယ်ခုံမှ အမျိုးသား(၁)ဦး၊ နမ့်ဘော်ဝမ်(က)ရပ်ကွက်မှ အမျိုးသား(၁)ဦး၊ ဒေါတမရပ်ကွက်မှ အမျိုးသား(၁)ဦး၊  မင်းစုရပ်ကွက်မှ အမျိုးသမီး( ၁)ဦး ၊ ဒီးမော့ဆို ခေါက်ပလော့ရွာနေ ရန်ကုန်မှ ပြန်လာသူ အမျိုးသမီး(၁)ဦး၊လောဓမ္မရပ်ကွက်မှ အမျိုးသား (၂)ဦး နှင့် အမျိုးသမီး (၄)ဦး တို့တွင် Civid-19 ပိုးတွေ့ရှိခဲ့ကြောင်း ရွှေလွိုင်ကော်ပရဟိတအသင်းထံမှ သိရသည်။

အဆိုပါ ပိုးတွေ့ရှိသူများထဲတွင် အသက် (၁)နှစ်ခွဲအရွယ် ကလေး (၁)ဦး နှင့်  အသက် (၁၃)နှစ်အရွယ်ကလေး(၁)ဦးတို့ ပါဝင်ကြောင်း သိရပြီး ပိုးတွေ့ရှိသူများကို လွိုင်ကော်ပြည်သူ့ဆေးရုံကြီးရှိ သီးခြားကုသဆောင်တွင်ထားရှိကြောင်း သိရသည်။

ကယား(ကရင်နီ)ပြည်နယ်တွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၃၁)ရက်နေ့ထိ Covid-19 အတည်ပြုလူနာပေါင်း (၁၁၂)ဦး တွေ့ရှိခဲ့ရပြီး အာဏာသိမ်းစစ်ကောင်စီ လက်ထက်တွင် ဇွန်လမှစ၍ ဇူလိုင်လ(၁၂)ရက်နေ့ ညပိုင်းထိ  Covid-19 အတည်ပြုလူနာတွေ့ရှိသူ  (၈၅)ဦး တွေ့ရှိ၍ သေဆုံးသူ (၃)ဦးရှိ​ပြီဖြစ်ကြောင်း သိရသည်။