လွိုင်ကော်မြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်၏ ကင်းပုန်းစခန်းကို KNDF က ဝင်တိုက်

Photo: Karenni Nationalities Defense Force -KNDF-Bo14 Loikaw Zone
Photo: Karenni Nationalities Defense Force -KNDF-Bo14 Loikaw Zone
လွိုင်ကော်မြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်၏ ကင်းပုန်းစခန်းကို KNDF က ဝင်တိုက်
ဖေဖော်ဝါရီ 10, 2022 | ကယား

 ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့၊ ပကြဲကျေးရွာနှင့် မော်ချီးစုစည်းရွာအနီးတဝိုက်ရှိ အာဏာသိမ်းစစ်ကောင်စီတပ်၏ ကင်းပုန်းစခန်းကို ယ‌နေ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၀)ရက်နေ့ နံနက်(၇)နာရီက ပြည်သူ့ကာကွယ်ရေးတပ်များဝင်တိုက်ရာ စစ်ကောင်စီတပ်သား (၂) ဦးသေပြီး အများအပြားဒဏ်ရာရကြောင်း KNDF B-14 က သတင်းထုတ်ပြန်သည်။

၎င်းစစ်ကောင်စီတပ်၏ ကင်းပုန်းစခန်းကို KNDF B-2၊ B-12၊ B-14၊ KA တပ်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ယနေ့နေ့လည်(၁၂)နာရီခွဲဝန်းကျင်တွင်လည်း ဖားတီမာကျေး ရွာအနီးတဝိုက်၌ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို ထပ်မံထိတိုက်ပွဲဖြစ်ပွားနေသဖြင့် ပြည်သူများ အသွား၊ အလာဂရုစိုက်ကြရန် နှိုးဆော်ထားသည်ကိုလည်း တွေ့ရသည်။