တြိဂံဒေသတိုင်းစစ်ဌာနချုပ်လက်အောက်ရှိ မိုင်းခုတ်တပ်နယ်မှ တပ်သားတစ်ဦး တော်လှန်ရေးတပ်ဖွဲ့နှင့် ချိတ်ဆက်ကာ CDM ပြုလုပ်

တြိဂံဒေသတိုင်းစစ်ဌာနချုပ်လက်အောက်ရှိ မိုင်းခုတ်တပ်နယ်မှ တပ်သားတစ်ဦး တော်လှန်ရေးတပ်ဖွဲ့နှင့် ချိတ်ဆက်ကာ CDM ပြုလုပ်
ဇန်နဝါရီ 25, 2022 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်၏ တြိဂံဒေသတိုင်းစစ်ဌာနချုပ်လက်အောက် မိုင်းခတ်တပ်နယ်၏ အမှတ်(၅၇၉)ခြေမြန်တပ်ရင်းမှ တပ်သားတစ်ဦး တော်လှန်ရေးတပ်ဖွဲ့နှင့် ချိတ်ဆက်ကာ CDM ပြုလုပ်သွားကြောင်း သိရသည်။

အမှတ်(၅၇၉)ခြေမြန်တပ်ရင်းမှ ကိုယ်ပိုင်အမှတ် တ . ၅၅၀၃၃၅ တပ်သားစိုင်းလင်းထွန်းသည် ဒီမိုကရက်တစ်ပြောက်ကျားတပ်ဖွဲ့ (အောက်ချင်းတွင်း)နှင့်ဆက်သွယ်၍ CDM ပြုလုပ်လာသဖြင့် လိုအပ်သည်များ ဆောင်ရွက်ပေးထားကြောင်း ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၂၅)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်ကို တွေ့ရသည်။

အရပ်သားပြည်သူများကိုပါ အကြောင်းအမျိုးမျိုးပြကာ ပစ်မှတ်ထား တိုက်ခိုက်မှုများ လုပ်နေသည့် အာဏာသိမ်းစစ်ကောင်စီလက်အောက်ရှိ စစ်တပ်မှထွက်ခွာပြီး ပြည်သူ့ဘက်သို့ရပ်တည်လာသည့် တပ်ဖွဲ့များသည် နီးစပ်ရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့များသို့ ဆက်သွယ်၍ CDM ပြုလုပ်နေကြသည်ကို ဒေသအသီးသီးတွင် တွေ့လာရခြင်းဖြစ်သည်။