ဒီးမော့ဆိုတွင် ယမန်နေ့က တစ်နေကုန်တိုက်ပွဲဖြစ်ပွားပြီး အာဏာသိမ်းစစ်ကောင်စီတပ်က လွိုင်ကော်ဘက်မှ စစ်ကြောင်းထိုးနေ

ဒီးမော့ဆိုတွင် ယမန်နေ့က တစ်နေကုန်တိုက်ပွဲဖြစ်ပွားပြီး အာဏာသိမ်းစစ်ကောင်စီတပ်က လွိုင်ကော်ဘက်မှ စစ်ကြောင်းထိုးနေ
ဇန်နဝါရီ 24, 2022 | ကယား



* * * * *

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၂၃) ရက်နေ့က အာဏာသိမ်းစစ်တပ်နှင့်  (၂၃) ရက်နေ့အထိ အာဏာသိမ်းစစ်တပ်နှင့် (၁၀)နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်တပ်သည် လွိုင်ကော်မြို့မှ စစ်ကြောင်းနှစ်ကြောင်းဖြင့် ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံဘက်ကို ဦးတည်စစ်ကြောင်းထိုးနေကြောင်း သိရသည်။

ယမန်နေ့က ဒီးမော့ဆိုမြို့နယ်၊ စံပြ (၆) မိုင်ကျေးရွာအုပ်စု၊ ဟိုဖိတ်ကျေးရွာနှင့် စိုက်ကွင် (၂) ကျေးရွာတို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာသဖြင့် နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယမန်နေ့တိုက်ပွဲများအတွင်း အာဏာသိမ်းတပ်ဘက်မှ အထိအခိုက်များပြီး KNDF ဘက်က ရဲဘော်တစ်ဦး ထိခိုက်သည်ဟု  ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၏ ယနေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယမန်နေ့က တစ်နေကုန်တိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်သည် ဟိုဖိတ်၊ သပြေတောနှင့် စိုက်ကွင်း (၂) ကျေးရွာအတွင်းရှိ နေအိမ်(၉)လုံးကို မီးရှို့ဖျက်စီးခဲ့ကြောင်းသိရပြီး အဆိုပါကျေးရွာများတွင် ဇန်နဝါရီလ (၂၂) ရက်နေ့ နေ့လယ်ပိုင်းက နှစ်ဖက်ထိတွေ့တိုက်ပွဲအတွင်းတွင်လည်း အာဏာသိမ်းစစ်တပ်က အရပ်သား (၂) ဦးကို သတ်ဖြတ်သွားကြောင်း သိရသည်။

ဇန်နဝါရီလ (၂၂) ရက်နေ့၊ နံနက်ပိုင်းကလည်း  လွိုင်ကော်မြို့နယ်၊ မုံပြာရပ်ကွက်အနီးအတွင်း စစ်ကြောင်းထိုးလာသော အာဏာသိမ်းစစ်ကောင်စီ၏တပ်ဖွဲ့များကို KNDFနှင့် PDF ပူးပေါင်းမဟာမိတ်အဖွဲ့တို့က ပူးပေါင်းခုခံခဲ့ကြကြောင်း သိရသည်။

#TachileikNewsAgency