မိုင်းဆတ်မြို့တွင်  စစ်တပ်က  ဝါဒဖြန့် စာရွက်များ အတင်းလိုက်ဝေပြီး မှတ်တမ်းပုံ ရိုက်ယူ

မိုင်းဆတ်မြို့တွင်  စစ်တပ်က  ဝါဒဖြန့် စာရွက်များ အတင်းလိုက်ဝေပြီး မှတ်တမ်းပုံ ရိုက်ယူ
ဇန်နဝါရီ 12, 2022 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့တွင် အာဏာသိမ်းစစ်တပ်၏ တပ်ဖွဲ့ဝင်များက ဝါဒဖြန့် စာရွက်များကို လိုက်ဝေနေကြောင်းသိရသည်။



 

စစ်ဝတ်စုံနဲ့ (၂)ယောက်က လာဖြန့်တာ။ ဆေးတပ်က ထင်တယ်။ စာရွက်တွေ လိုက်ဖြန့်ပြီး ဓါတ်ပုံတွေ အတင်းလိုက်ရိုက်တယ်

ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

မိုင်းဆတ်မြို့ပေါ် လမ်းများတွင် သွားလာနေသူများကို ယနေ့ ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၁၂)ရက်နေ့ နံနက်(၁၀)နာရီ ဝန်းကျင်အချိန်က ဝါဒဖြန့် စာရွက်များ ဖြန့်ဝေပြီး၊ အထက်သို့ ပြန်လည်တင်ပြနိုင်ရန် မှတ်တမ်းပုံများပါ ရိုက်ယူထားသည်ဟု သိရသည်။



အာဏာသိမ်းမှု အောင်မြင်ရေးအတွက် တစ်နိုင်ငံလုံးတွင် အကြမ်းဖက်နေသည့် စစ်ကောင်စီက ပြည်သူများ၏ အိုးအိမ်များ မီးရှို့ဖျက်ဆီးခံထားရသည်များကို PDF များက ပြုလုပ်သည်ဟု စွပ်စွဲထားသည့် ဝါဒဖြန့်စာရွက်များအား နည်းလမ်းမျိုးစုံဖြင့် ဖြန့်ဝေသော်လည်း ယုံကြည်စိတ်ဖြင့် ဖတ်မည့်သူ မရှိ၍ ပြီးခဲ့သည့် လပိုင်းက စစ်ကိုင်းတိုင်းအတွင်း၌ စစ်လေယာဉ်ဖြင့်ပါ ဖြန့်ကြဲရသည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။