တောင်ငူလေတပ်မှ တိုက်လေယာဉ်များ မြို့၏ အနောက်မြောက်ဘက်သို့  ပျံသန်း

 တောင်ငူလေတပ်မှ တိုက်လေယာဉ်များ မြို့၏ အနောက်မြောက်ဘက်သို့  ပျံသန်း
ဇန်နဝါရီ 11, 2022 | အခြားဒေသများ

ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ အာဏာသိမ်းစစ်တပ်၏ တောင်ငူလေတပ်စခန်း ဌာနချုပ်မှ  တိုက်လေယာဉ်များ မြို့၏ အနောက်မြောက်ဘက်သို့ ပျံသန်းသွားကြောင်း သိရသည်။

နောက်တစ်စီး  တက်သွားပြန်ပြီ၊ တက်လိုက်ဆင်းလိုက်နဲ့ပဲ မနက်ကတည်းက Fighter တွေချည်းပဲ။ မနေ့ကလည်း အတက်အဆင်း တော်တော်များများတယ်။ အသံကတော့ အကျယ်ကြီးတွေပဲ

ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

တောင်ငူလေတပ်မှ တိုက်လေယာဉ်များမှာ နံနက်ပိုင်းကစပြီး နံနက်(၁၁)နာရီကျော်အချိန်အထိ အဆင်းအတက်များ ပြုလုပ်နေခြင်း ဖြစ်ပြီး ယမန်နေ့ကလည်း အဆင်းအတက်များစွာ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

ကယားပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွင် တောင်ငူလေတပ်မှ တိုက်လေယာဉ်များကို အသုံးပြုနေသည်ဟုလည်း သိရသည်။