တန့်ယန်းမြို့တွင် ဒီဇင်ဘာမိုးကြောင့် အချိန်(၁၅)မိနစ်ဝန်းကျင်အကြာ မိုးသီးကျ

တန့်ယန်းမြို့တွင် ဒီဇင်ဘာမိုးကြောင့် အချိန်(၁၅)မိနစ်ဝန်းကျင်အကြာ မိုးသီးကျ
ဒီဇင်ဘာ 23, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့တွင် ယနေ့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၂၃)ရက်နေ့ ညပိုင်းက မိုးပြင်းထန်စွာ ရွာသွန်းပြီး အချိန်(၁၅)မိနစ်ဝန်းကျင်အကြာ မိုးသီးများ ကျကြောင်း သိရသည်။

"မိုးသီးကတော့ တော်တော်များတယ်။ လောလောဆယ်တော့ မီးပျက်နေတယ်။ မိုးချုပ်နေတော့ အပျက်အစီးတော့ မသိရသေးဘူး"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ယနေ့ ည(၈)နာရီ ဝန်းကျင်က ပြောသည်။

တန့်ယန်းမြို့တွင် ယနေ့ ဒီဇင်ဘာလ(၂၃)ရက်နေ့ ည(၇)နာရီဝန်းကျင်က  စတင်ရွာသွန်းခြင်းဖြစ်ပြီး မိုးရွာသွန်းမှုကြောင့် လျှပ်စစ်မီးများပျက်နေကြောင်း သိရသည်။