UN အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်း၏ အသိအမှတ်ပြုခြင်း ခံရမှုမရှိသည့် အာဏာသိမ်းအဖွဲ့က နေပြည်တော်ရှိ UN မြန်မာအထူးကိုယ်စားလှယ်ရုံးခန်းကို သက်တမ်းကုန်၍ဟု အကြောင်းပြကာ ဆက်လက်မထားရန် ဆုံးဖြတ်ဟုဆို

၂၀၁၈ ခုနှစ်က နေပြည်တော်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့်  မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener တို့ တွေ့ဆုံစဉ်။

ဒီဇင်ဘာ 21, 2021 | နိုင်ငံရေး

ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းတွင် အသိအမှတ်ပြုခံရမှုမရှိသည့် အာဏာသိမ်းအဖွဲ့က ကုသလမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener မှာ သက်တမ်းကုန်ပြီဟု အကြောင်းပြကာ နေပြည်တော်ရှိရုံးခန်းကိုဆက်လက်မထားရန် ဆုံးဖြတ်သည်ဟု ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂၀) ရက်နေ့တွင် အကြောင်းကြားထားကြောင်း သိရသည်။

ပြည်သူ့ဆန္ဒဆန့်ကျင်၍ အာဏာသိမ်းထားသည့်အဖွဲ့သည် မြန်မာ့နိုင်ငံရေးအခြေအနေ အဖြေရှာနိုင်ရေးအတွက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမှ ကြားဝင်စေ့စပ်ညှိနှိုင်းခြင်းကို လက်ခံခြင်းမပြုဘဲ အာဏာကိုဆက်လက်ဆုပ်ကိုင်ရန် ကြိုးပမ်းနေမှုကြောင့် ကုလသမဂ္ဂတွင် အာဏာသိမ်းအဖွဲ့ ကိုယ်စားပြု မြန်မာကိုယ်စားလှယ်ကို လက်ခံခြင်းမပြုဘဲထားရှိသည့်အပြင် အာဆီယံသမိုင်းတွင် ထိပ်သီးအစည်းအဝေး တက်ခွင့် ပထမဆုံးပိတ်ပင်ခံခဲ့ရခြင်းဖြစ်သည်။

ကုသလမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener နေရာတွင် စင်ကာပူနိုင်ငံသူအမျိုးသမီး ​နော်လင်း ​ဟေဇာ Ms. Noeleen Heyzer က ဆက်လက်တာဝန်ယူမည်ဖြစ်သည်။

လက်ရှိတွင် ကုလသမဂ္ဂတွင် မြန်မာကိုယ်စားလှယ်အဖြစ် အာဏာသိမ်းအဖွဲ့က စေလွှတ်ထားသူအား လက်ခံခြင်းမရှိဘဲ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်လက်ခံထားခြင်းဖြစ်သည်။