စစ်အာဏာရှင်များ ပြည်သူ့ဆန္ဒကို လေးစားတန်ဖိုးထားရန် အမေရိကန်သံရုံးထုတ်ပြန်တောင်းဆို

စစ်အာဏာရှင်များ ပြည်သူ့ဆန္ဒကို လေးစားတန်ဖိုးထားရန် အမေရိကန်သံရုံးထုတ်ပြန်တောင်းဆို

ရန်ကုန်တွင် ယနေ့နံနက်ပိုင်းက ငြိမ်းချမ်းစွာဆန္ဒပြသည့်လူငယ်များအား အာဏာသိမ်းအဖွဲ့က ကားဖြင့်တိုက်၊ သေနတ်ဖြင့်ပစ်ခတ်၍ သေဆုံးမှုများရှိခဲ့သည့်ဖြစ်ရပ်ကို ထိတ်လန့်တုန်လှုပ်ရကြောင်းနှင့် စစ်အာဏာရှင်များအနေဖြင့် ပြည်သူ့ဆန္ဒကို လေးစားတန်ဖိုးထားရန် အမေရိကန်သံရုံးက ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၅) ရက်နေ့တွင် ထုတ်ပြန်တောင်းဆိုလိုက်သည်။

ယနေ့နံနက် ရန်ကုန်မြို့အတွင်း လုံခြုံရေးတပ်ဖွဲ့များက သေနတ်နှင့်ပစ်၊ ကားနှင့်တိုက်၍ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများစွာ သေဆုံးရသည့် သတင်းများကြောင့် မိမိတို့ ထိတ်လန့်တုန်လှုပ်မိပါသည်။ ငြိမ်းချမ်းစွာဆန္ဒပြသည့် မြန်မာပြည်သူတို့၏ အခွင့်အရေးကို မိမိတို့ထောက်ခံအားပေးပါသည်။ မြန်မာစစ်တပ်က ကျယ်ကျယ်ပြန့်ပြန့် ရက်စက်စွာအကြမ်းဖက်နေမှုများသည် မြန်မာနိုင်ငံ၏ အားလုံးပါဝင်သောဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိ‌ရေးအတွက် အရေးတကြီး လိုအပ်နေသည့်အကြောင်း မီးမောင်းထိုးပြနေပါသည်။ လွတ်လပ်မှုနှင့် ဒီမိုကရေစီအတွက် လိုလားတောင်းတနေသော မြန်မာပြည်သူများနှင့်အတူ မိမိတို့အတူတကွရပ်တည်နေပြီး အကြမ်းဖက်မှုများအဆုံးသတ်ရန်၊ မတရားဖမ်းဆီးထိန်းသိမ်းထားသူများကိုပြန်လွှတ်ပေးရန်နှင့် ပြည်သူတို့၏ဆန္ဒကို လေးစားတန်ဖိုးထားရန် စစ်အာဏာရှင်ကို မိမိတို့တောင်းဆိုပါသည်။

ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။