လွိုင်ကော်မြို့ရှိ ခရစ္စတူးဘုရင်ဘုရားကျောင်းတော်အား အာဏာသိမ်းစစ်တပ် လာဝိုင်းနေ

နောင်ယား ခရစ်ယာန်ကျောင်းတိုက်၊ ခရစ္စတူးဘုရင်ဘုရားကျောင်းတော်ကြီး [Photo: PKPF]
နောင်ယား ခရစ်ယာန်ကျောင်းတိုက်၊ ခရစ္စတူးဘုရင်ဘုရားကျောင်းတော်ကြီး [Photo: PKPF]
လွိုင်ကော်မြို့ရှိ ခရစ္စတူးဘုရင်ဘုရားကျောင်းတော်အား အာဏာသိမ်းစစ်တပ် လာဝိုင်းနေ
နိုဝင်ဘာ 22, 2021 | ကယား

ကယား (ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့၊ နောင်ယားရပ်ကွက်ရှိ ခရစ်ယာန်ဘုရားကျောင်းဖြစ်သည့် ခရစ္စတူးဘုရင်ဘုရားကျောင်းတိုက်ပတ်လည်ကို ယနေ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၂၂) ရက်နေ့ နေ့လယ်ပိုင်းတွင် အာဏာသိမ်းစစ်တပ်၏ တပ်ဖွဲ့ဝင်များက ဝိုင်းထားကြောင်း သိရသည်။

"ဘုရားကျောင်းပတ်လည်မှာ စခ (အာဏာသိမ်းစစ်တပ်)တွေက အရပ်ဝတ်တွေနဲ့ အသင့်အနေအထားစောင့်နေကြတယ်။ အပြင်လူလည်း ပေးမဝင်ဘူး။ ဖြတ်သွားမယ့် လမ်းသွားလမ်းလာတွေကို ပြန်လှည့်ခိုင်းနေတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

ဘုရားကျောင်းအတွင်း ဆရာတော်လည်းရှိနေပြီး အာဏာသိမ်းတပ်က မည်သည့်အတွက် လာရောက်ဝိုင်းနေသည်ကို မသိရသေးပါ။