ကန်ပက်လက်မြို့နယ် မဆာတွီရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က တိုက်လေယာဉ်ငါးစီးဖြင့် ဗုံးကြဲ

ကန်ပက်လက်မြို့နယ် မဆာတွီရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က တိုက်လေယာဉ်ငါးစီးဖြင့် ဗုံးကြဲ

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် မဆာတွီရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၈)ရက်နေ့ နံနက်ပိုင်းက လေယာဉ်(၅)စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အများအပြား ပျက်စီးခဲ့ရကြောင်း CDF-Kanpetlet(Khonu Battalion)ထံမှ သိရသည်။ စစ်ကောင်စီတပ်ဖွဲ့၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်မှုအခြေအနေကိုမူ မသိရသေးပါ။

ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် CDF-Kanpetlet(Khonu Battalion)တို့ တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟုလည်း သိရသည်။ 

ဇူလိုင်လ (၉)ရက်နေ့ကစတင်ကာ ကျင်ဒွေးသို့ ရိက္ခာပို့မည့် စစ်‌ကောင်စီတပ်စစ်ကြောင်းကြောင့် တိုက်ပွဲဖြစ်ပွားမှု တစ်လခန့်ကြာနိုင်သဖြင့် လောင်းရှည်-ကျင်ဒွေးလမ်းပိုင်းကို ချင်းတော်လှန်ရေးတပ်များက သွားလာခွင့်ပိတ်ကြောင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါ စစ်ကောင်စီတပ်ကြောင့် ကျင်းဒွေးလမ်းမကြီး တလျှောက်ရှိ ကျေးရွာများဖြစ်သော မဆာတွီရွာ၊ မောချောင်းရွာ၊ လှိုင်ဒုတ်ရွာဟောင်းနှင့် လှိုင်ဒုတ်ရွာသစ်ရှိ ဒေသခံများလည်း စစ်ဘေးရှောင်နေကြရသည်ဟု သိရသည်။

ကျင်ဒွေးလမ်းမကြီးတလျှောက်သည် CDF-Kanpetlet၏ တပ်ရင်း(၅)ဖြစ်သော ခေါ်နူးတပ်ရင်း လှုပ်ရှားနယ်မြေဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency

Photo : Khonu Battalion