ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း John S. McCain Freedom Award ဆု တက်ရောက်လက်ခံ

ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း John S. McCain Freedom Award ဆု တက်ရောက်လက်ခံ
အောက်တိုဘာ 20, 2021 | အခြားဒေသများ

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ၂၀၂၁ ခုနှစ်အတွက် ရရှိသည့် John S. McCain Freedom Award ဆုကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁၉) ရက်နေ့က အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ၌ ကျင်းပသည့်အခမ်းအနားတွင် ကိုယ်တိုင်တက်ရောက်လက်ခံကြောင်း သိရသည်။

ဝါရှင်တန် အခြေစိုက် International Republican Institute (IRI) က ၂၀၂၁ ခုနှစ်အတွက်  Freedom Award  ကို မြန်မာ၊ လစ်သူရေးနီးယား၊ ဘယ်လာရုစ် နှင့် ကျူးဘားတို့မှ ဒီမိုကရေစီ သူရဲကောင်းများ ဖြစ်ကြသည့် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း၊ လစ်သူရေးနီးယား ဝန်ကြီးချုပ် အင်ဂရီဒါ ဆိုင်မွန်တီ၊ ဘယ်လာရုစ် နိုင်ငံရေးအကျဉ်းသားများအတွက် ညှိနှိုင်းဆောင်ရွက်မှု ကောင်စီ ကိုယ်စားလှယ် တက်ဆီအာနာ ခိုမစ်ချ် နှင့် ကျူးဘား ဂရမ်မီ ဆုရှင် ဝီလီ ချီရီနို တို့ကို ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

IRI သည် ၁၉၉၅ ခုနှစ်မှ စပြီး ကမ္ဘာတဝန်း ဒီမိုကရေစီနှင့် လွတ်လပ်ခွင့်တို့ တိုးတက်ဖြစ်ထွန်းစေရန် ကြိုးပမ်းအားထုတ်လုပ်ကိုင်ထားခဲ့သည့် ပုဂ္ဂိုလ်များကို အဆိုပါ Freedom Award ဆု ချီးမြှင့်ပေးခဲ့သည်။



Photo: Pho Khwar