ကျောက်မဲတွင် တိမ်းရှောင်ရာမှ ပြန်လာသည့် LGBT (၁) ဦးနှင့် အခြားအမျိုးသမီး (၁) ဦးကို အာဏာသိမ်းအဖွဲ့က ဖမ်းဆီး

တိမ်းရှောင်နေရာမှ နေအိမ်ပြန်လာသည့်  LGBT (၁) ဦး
တိမ်းရှောင်နေရာမှ နေအိမ်ပြန်လာသည့်  LGBT (၁) ဦး
ကျောက်မဲတွင် တိမ်းရှောင်ရာမှ ပြန်လာသည့် LGBT (၁) ဦးနှင့် အခြားအမျိုးသမီး (၁) ဦးကို အာဏာသိမ်းအဖွဲ့က ဖမ်းဆီး
အောက်တိုဘာ 20, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့တွင် အာဏာသိမ်းအဖွဲ့က ပုဒ်မ ၅၀၅ က ဖြင့် အမှုဖွင့်ထား၍ တိမ်းရှောင်နေရာမှ နေအိမ်ပြန်လာသည့်  LGBT (၁) ဦးကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁၉) ရက်နေ့ ညပိုင်းတွင် နေအိမ်၌ဝင်ရောက်ဖမ်းဆီးပြီး အဆိုပါနေအိမ်ရှိ အမျိုးသမီး (၁) ဦးကိုပါ ဖမ်းသွားကြောင်း သိရသည်။

အာဏာသိမ်းအဖွဲ့က တရားရင်ဆိုင်ဆဲ ၅၀၅ က အမှုများကို ပိတ်သိမ်းပေးပြီး ပြန်လွှတ်ပေးနေရာ တိမ်းရှောင်နေသည့် ကိုမျိုးအေးက အမျိုးသမီးမိတ်ဆွေနှင့်အတူ အောက်တိုဘာလ (၁၉) ရက်နေ့ နံနက်ပိုင်းတွင် ကျောက်မဲနေအိမ်သို့ ပြန်လာရာ ညပိုင်း၌ အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့်ရဲတို့က ကား (၃)စီးဖြင့် လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူ (၂) ဦးကို မည်သည့်နေရာတွင် ခေါ်ဆောင်ထားသည်ကို မသိရသေးကြောင်း နီးစပ်သူများထံမှ သိရသည်။

အာဆီယံနှင့်ပူးပေါင်းဆောင်ရွက်မှုမရှိသည့် အာဏာသိမ်းအဖွဲ့ခေါင်းဆောင်အား အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခွင့်မပြုသည့် ဆုံးဖြတ်ချက်ထွက်လာပြီးနောက် နိုင်ငံရေးအကျဉ်းသား (၅၀၀၀) ကျော်ကို လွှတ်ပေးမည်ဟု အောက်တိုဘာလ (၁၈) ရက်နေ့တွင် အာဏာသိမ်းအဖွဲ့က ကြေညာလိုက်ခြင်းဖြစ်သည်။

ယင်းကြေညာချက်နှင့်အတူ လွှတ်ပေးလိုက်သည့် နိုင်ငံရေးအကျဉ်းသားများအနက် အချို့မှာ ထောင်ပေါက်ဝမှာပင် ပြန်လည်အဖမ်းခံရပြီး နိုင်ငံရေးပုဒ်မများဖြင့် ဆက်လက်ဖမ်းဆီးမှုများကို လုပ်ဆောင်နေသည်ကိုလည်း တွေ့ရသည်။

အာဏာသိမ်းအဖွဲ့က အာဏာသိမ်းအဖွဲ့က အမှုဖွင့်ဖမ်းဆီးခံထားရသူများအနက် တရားရုံးများတွင် အမှုရင်ဆိုင်ဆဲ (၄၃၂၀) ဦးကို အမှုပိတ်သိမ်းပြီး ပြစ်ဒဏ်ချမှတ်ခံရသူ (၁၃၁၆) ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးသည်ဟု ယမန်နေ့တွင် ထုတ်ပြန်ကြေညာလိုက်ပြီးနောက် ယင်းကြေညာချက်နှင့်အတူ လွတ်မြောက်လာသူ အချို့မှာ ချက်ချင်းပင် အခြားအမှုဖြင့် ပြန်လည်ဖမ်းဆီးခံရမှုများ ရှိနေခြင်းဖြစ်သည်။