ကသာမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး (၄၁)ဦးအနက် (၃၁)ဦး နှုတ်ထွက်

ကသာမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး (၄၁)ဦးအနက် (၃၁)ဦး နှုတ်ထွက်
အောက်တိုဘာ 12, 2021 | အခြားဒေသများ

စစ်ကိုင်းတိုင်းဒေသကြီးမြောက်ပိုင်း၊ ကသာမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး (၄၁)ဦးအနက် (၃၁)ဦးမှာ နှုတ်ထွက်သွားကြပြီဖြစ်ကြောင်း ကသာ PDF က အသိပေး ဖော်ပြထားသည်ကို တွေ့ရသည်။ 

(၄၁)ဦးအနက် နှုတ်ထွက်ရန် ကျန်ရှိသည့် (၁၀)ဦးတွင် (၁)ဦးမှာ ပျောက်ဆုံးနေကာ (၉)ဦးသာကျန်ပြီး နှုတ်ထွက်သွားသည့် (၄၁)ဦးထဲတွင်လည်း အချို့မှာ အာဏာသိမ်းစစ်တပ်ထံသို့ သတင်းပေးမှုူများရှိနေသည်ဟု သိရသည်။

နှုတ်ထွက်ပြီးသည့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး အချို့သည်လည်း အခြားဒေသများသို့ ပြောင်းရွှေ့နေထိုင်ကြကြောင်း သိရသည်။

ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး အချို့မှာ ရပ်ကွက်/ကျေးရွာများအတွင် PDF များ နေထိုင်နေခြင်းနှင့် ပတ်သက်၍ အာဏာသိမ်းစစ်တပ်အား သတင်းပေးမှုများရှိသည့်အတွက် ဒေသကာကွယ်ရေးအဖွဲ့များက  ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအား သတိပေးမှုများ ပြုလုပ်ခဲ့ပြီးနောက် နှုတ်ထွက်လာကြခြင်းလည်း ဖြစ်သည်။

#TachileikNewsAgency