တောင်သာမြို့တွင် ရှင်းလင်းခံရသည့် စစ်ယူနီဖောင်းဝတ် ပျူစောထီး ဌေးလှိုင် ထံက ကလေးကစားစရာ သေနတ် တွေ့ရှိ

Photo: မြေလတ် PDF
Photo: မြေလတ် PDF
တောင်သာမြို့တွင် ရှင်းလင်းခံရသည့် စစ်ယူနီဖောင်းဝတ် ပျူစောထီး ဌေးလှိုင် ထံက ကလေးကစားစရာ သေနတ် တွေ့ရှိ
အောက်တိုဘာ 11, 2021 | အခြားဒေသများ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့တွင် အာဏာသိမ်စစ်တပ်၏ သတင်းပေးဖြစ်သူ စစ်ယူနီဖောင်းဝတ် ပျူစောထီး ဌေးလှိုင်ဆိုသူအား သေနတ်ဖြင့် ပစ်ခတ်ပြီး ရှင်းလင်းပြီးနောက် ၎င်းထံတွင် ကလေးကစားသည့် ကော်သေနတ် တွေ့ရှိရမိသည်ဟု မြေလတ် PDF က ယနေ့ အောက်တိုဘာလ(၁၁)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

 

" အိမ်ကြက်ခြင်း အိုးမဲတိုက်ခြင်း ကင်းဝေးရန် တောင်သာမြို့ စစ်ထောက် အင်ဖော်မာ၊စခယူနီဖောင်းဝတ် ဦးဌေးလှိုင်အား ဖောင်းဒိုင်း(၇)ချက် နှလုံးလှလူမိုက်နှင့်အတူရှင်း"ဟု မြေလတ် PDF က သတင်းထုတ်ပြန်ထားသည်။

စစ်ယူနီဖောင်းဝတ် ပျူစောထီး ဌေးလှိုင်ဆိုသူအား နှလုံးလှလူမိုက်ကြီးများအဖွဲ့ နှင့် မြေလတ် PDF အဖွဲ့တို့ ပူးပေါင်းပြီး သေနတ်ဖြင့် (၇)ချက်ပစ်ခတ်ပြီးနောက် ၎င်းထံမှ သေနတ်အတိုတစ်လက်ကို တွေ့ရှိရာ စစ်ဆေးသည့်အခါမှာ ပဲလုံးကော်သေနတ်ဖြစ်နေကြောင်း သိရသည်။