မုဒုံမြို့နယ်အတွင်း ရောင်းဒေါင်းတံတားတွင် ဆားများသယ်လာသည့် အာဏာသိမ်းစစ်တပ်ကား ဘီးပေါက်ကာ တိမ်းမှောက်

Photo: ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်း
Photo: ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်း
မုဒုံမြို့နယ်အတွင်း ရောင်းဒေါင်းတံတားတွင် ဆားများသယ်လာသည့် အာဏာသိမ်းစစ်တပ်ကား ဘီးပေါက်ကာ တိမ်းမှောက်
စက်တင်ဘာ 19, 2021 | မှုခင်းသတင်း

မွန်ပြည်နယ်အတွင်း မုဒုံမြို့ရှိ ရောင်းဒေါင်းတံတားတွင် ၂၀၂၁ခုနှစ် စက်တင်ဘာလ(၁၈)ရက်နေ့က ဆားများတင်ဆောင်လာသည့် အာဏာသိမ်းစစ်တပ်၏ ယာဉ်ဘီးပေါက်ပြီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် အာဏာသိမ်းစစ်တပ်၏ တပ်ဖွဲ့ဝင် (၂)ဦးတွင် တစ်ဦးမှာ ဦီးခေါင်းဒဏ်ရာရရှိပြီး တစ်ဦးမှာ လက်ကျိုးဒဏ်ရာရရှိသည်ဟု သိရသည်။

လက်ရှိတွင် ၎င်းတို့သည် သံဖြူဇရပ်ဆေးရုံတွင် ဆေးကုသမှုခံယူနေလျက်ရှိကြောင်း သိရသည်။