တရုတ်တွင် မြန်မာမှ တင်သွင်းသည့် ရေထွက်ပစ္စည်းထဲက COVID 19 ပိုးတွေ့ကြောင်း ထုတ်ပြန်

တရုတ်တွင် မြန်မာမှ တင်သွင်းသည့် ရေထွက်ပစ္စည်းထဲက COVID 19 ပိုးတွေ့ကြောင်း ထုတ်ပြန်
စက်တင်ဘာ 18, 2021 | နိုင်ငံတကာသတင်း| Covid-19

တရုတ်နိုင်ငံသို့ မြန်မာမှ တင်ပို့သည့် ရေထွက်ပစ္စည်းနမူနာအထုပ်တွင် COVID 19 ပိုးတွေ့ရသဖြင့် အဆိုပါ မြန်မာကုမ္ပဏီ၏ သွင်းကုန်လျှောက်ထားချက်ကို ယာယီဆိုင်းငံ့ခံရကြောင်း သိရသည်။

မြန်မာမှ တင်သွင်းလာသည့် အေးခဲငါးတံခွန်၏ ပြင်ပအထုပ်နမူနာကို စစ်ဆေးရာ COVID 19 တွေ့ရသဖြင့် မြန်မာရေထွက်ပစ္စည်းလုပ်ငန်းကုမ္ပဏီ Ocean World Coldstore (မှတ်ပုံတင်နံပါတ် YGN/132/OW/DOF)မှ  သွင်းကုန် လျှောက်ထားချက်ကို တစ်ပတ်ကြာ ရပ်ဆိုင်း လိုက်သည်ဟု တရုတ်အကောက်ခွန်ဌာနက ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၁၀) ရက်နေ့ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်ကို တွေ့ရသည်။

အလားတူ အင်ဒိုနီးရှား၊ ပါကစ္စတန်နှင့် ရုရှားနိုင်ငံများမှ တင်သွင်းလာသည့် ရေထွက်ပစ္စည်းများတွင် COVID 19 တွေ့ရသည်ဟု ယင်းနေ့မှာပင် ထုတ်ပြန်ထားသည်ကို တွေ့ရသည်။