အာဏာသိမ်းစစ်တပ်က ဒီးမော့ဆိုမြို့နယ်အတွင်း (၆)မိုင်တွင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် လူသတ်ကာ အလောင်းကို တဝက်တပျက် မီးရှို့ခဲ့

Photo: KNDF
Photo: KNDF
အာဏာသိမ်းစစ်တပ်က ဒီးမော့ဆိုမြို့နယ်အတွင်း (၆)မိုင်တွင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် လူသတ်ကာ အလောင်းကို တဝက်တပျက် မီးရှို့ခဲ့
စက်တင်ဘာ 12, 2021 | ကယား

အာဏာသိမ်းစစ်တပ်က ကယား(ကရင်နီ)ပြည်နယ်အတွင်း ဒီးမော့ဆိုမြို့နယ် (၆)မိုင်ကျေးရွာရှိ လူနေအိမ်များကို ၂၀၂၁ခုနှစ် စက်တင်ဘာလ(၇)ရက်နေ့က မီးရှို့ပြီး ပြည်သူတစ်ဦးကို လည်ပင်းလှီးသတ်ဖြတ်ကာ အလောင်းမီးရှို့ခဲ့ပြီး ကျန်ရစ်သည့် ရုပ်အလောင်းအား KNDF က မီးရှို့ သင်္ဂြိုဟ်ပေးခဲ့ကြောင်း စက်တင်ဘာလ(၁၁)ရက်နေ့ ညပိုင်းက သတင်းထုတ်ပြန်လာသည်။

အကြမ်းဖက်စစ်တပ်က လူနေအိမ်များကို မီးရှို့သည့်အပြင် နေအိမ်များကို ဖောက်ထွင်းပြီး အိမ်အတွင်းပစ္စည်းများကို ခိုးဝှက်ယူဆောင်သလို ဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ကြောင်းနှင့် (၆)မိုင်ကျေးရွာရှိ ကက်သလစ်ဘုရားရှိခိုးကျောင်းကိုလည်း အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်ခဲ့သည့်အတွက် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်းလည်း သိရသည်။