ကျောက်မဲမြို့ရှိ KBZ ဘဏ် ဓါးမြတိုက်ခံရ

ကျောက်မဲမြို့ရှိ KBZ ဘဏ် ဓါးမြတိုက်ခံရ

 ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့  ဗဟို‌ဈေး တောင်ဘက်တိုက်တန်းအနီးရှိ ကမ္ဘောဇဘဏ်တွင် ယနေ့ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၃) ရက်နေ့ မွန်းလွဲ (၂) နာရီဝန်းကျင်အချိန်က  ဓါးမြတိုက်ခံရသည်ဟု သိရသည်။

ဓါးမြတိုက်သည့် အမျိုးသားသည် မာခ်တူးကား အဖြူရောင်ဖြင့် ရောက်လာကာ တစ်ဦးတည်း သေနတ်တိုတစ်လက်ဖြင့် ဓါးမြတိုက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့် ရဲများ ဘဏ်တွင်ရောက်နေကြပြီး ဘဏ်က ပါသွားသည့် ငွေပမာဏကို စိစစ်ဆဲဖြစ်ကြောင်း သိရသည်။

အသေးစိတ်အချက်အလက်များကို မသိရသေးပါ။

#TachileikNewsAency