နမ့်စန်မြို့ (၄)ရပ်ကွက်တွင် သဲသယ်ကားတစ်စီး အရှိန်လွန် ဘရိတ်ပေါက်ပြီး နေအိမ်အတွင်းသို့ ဝင်တိုက်မိ

Photo: Min Waiyan Oo
Photo: Min Waiyan Oo
 နမ့်စန်မြို့ (၄)ရပ်ကွက်တွင် သဲသယ်ကားတစ်စီး အရှိန်လွန် ဘရိတ်ပေါက်ပြီး နေအိမ်အတွင်းသို့ ဝင်တိုက်မိ
စက်တင်ဘာ 3, 2021 | ရှမ်းတောင်

 ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့ (၄)ရပ်ကွက်အဆင်းတွင် ယနေ့ ၂၀၂၁ခုနှစ်  စက်တင်ဘာလ(၃)ရက်နေ့ နေ့လည်(၁၂)နာရီဝန်းကျင်အချိန်က သဲကားတစ်စီး ဘရိတ်ပေါက်ပြီး နေအိမ်အတွင်း ဝင်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အရှိန်လွန် ဘရိတ်ပေါက်ကာ နေအိမ်အတွင်း ကားတစ်စီးလုံး ဝင်ရောက်သွားမှုကြောင့် နေအိမ်ပျက်စီးသွားသော်လည်း နေအိမ်လူ ထိခိုက်မှု မရှိကြောင်းနှင့် ယာဉ်မောင်းမှာ ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ယင်းသို့ ဖြစ်ပွားရာနေရာသို့ နမ့်စန်မြို့နယ်မီးသတ်တပ်ဖွဲ့၏ ကယ်ဆယ်ရေးအဖွဲ့ နှင့် တောင်တန်းလူငယ်လူမှုကူညီရေးအသင်း၊ ငြိမ်းချမ်းလူငယ်လူမှုကူညီရေးအသင်း နှင့် အနီးနေပြည်သူများက ကားအတွင်းပိတ်မိနေသူကို ကယ်ထုတ်ပြီး ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။