ကျောက်မဲမြို့တွင် အခမဲ့ကုသပေးမည့် သုခမွန်ပရဟိတဆေးခန်း စက်တင်ဘာ (၄)ရက်နေ့ စတင်ဖွင့်မည်

ကျောက်မဲမြို့တွင် အခမဲ့ကုသပေးမည့် သုခမွန်ပရဟိတဆေးခန်း စက်တင်ဘာ (၄)ရက်နေ့ စတင်ဖွင့်မည်
စက်တင်ဘာ 3, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ် (မြောက်ပိုင်း ) ကျောက်မဲမြို့တွင် အခမဲ့ကုသပေးမည့် “သုခမွန် ပရဟိတဆေးခန်း” ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ( ၄ )ရက်နေ့မှစ၍ အပတ်စဉ် စနေနှင့် တနင်္ဂနွေနေ့များတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

အခမဲ့ ပရဟိတ ဆေးခန်း “သုခမွန်”ကို ကျောက်မဲမြို့ အမှတ်( ၄ )ရပ်ကွက်၊ ပင်လုံလမ်းမကြီးဘေး၊ အင်ပါယာဂိုထောင်အနီးတွင် ဖွင့်လှစ်ထားမည်ဖြစ်ပြီး မည်သူမဆို အခမဲ့ကုသမှုခံယူနိုင်မည်ဖြစ်ကြောင်း သိရသည်။



ဆေးခန်းကို အပတ်စဉ် စနေနှင့် တနင်္ဂနွေနေ့များတွင် နံနက် (၁၀) နာရီမှ နေ့လယ် (၁၂) နာရီအထိ လည်းကောင်း၊ မွန်းလွဲ (၂)နာရီမှ ည (၇)နာရီအထိလည်းကောင်း ကုသပေးသွားမည်ဟု သိရသည်။

COVID 19 ကာလအတွင်း အများစုမှာ အလုပ်အကိုင်မရှိတော့ဘဲဖြစ်နေ၍ စားဝတ်နေရေး အခက်အခဲဖြစ်နေကြသဖြင့် ဆေးကုသစရိတ်အခက်အခဲဖြစ်နေခြင်း၊ ဆေးရုံဆေးခန်းများတွင် လူနာများပြားနေခြင်းတို့ကြောင့် အခမဲ့ ပရဟိတဆေးခန်းကို စေတနာရှင်များ လှူဒါန်းမှုဖြင့် ဖွင့်လှစ်ရန်ကြိုးပမ်းရခြင်းဖြစ်သည်ဟု သိရသည်။