တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်း မီးလောင်မှုတွင်  မီးခိုးကြောင့် ပိတ်မိနေသူများအားလုံးကို ကယ်ဆယ်နိုင် 

တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်း မီးလောင်မှုတွင်  မီးခိုးကြောင့် ပိတ်မိနေသူများအားလုံးကို ကယ်ဆယ်နိုင် 

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ ဘုရင့်နောင်ပုဂ္ဂလိကဈေးအနီး ရတနာလမ်းသွယ်(၈)လမ်းအတွင်း ယာမြေကုန်းသို့အသွား လမ်းကြားတွင် ယနေ့ ၂၀၂၁ခုနှစ် ဩဂုတ်လ(၃၁)ရက်နေ့ ည(၁၁)နာရီဝန်းကျင်ကစပြီး ဝါယာလျှော့ဖြစ်ကာ မီးလောင်မှုဖြစ်ပွားပြီး မီးခိုးများကြောင့် ပိတ်မိနေသည့် လူ(၇)ဦးကို ကြက်ခြေနီ၊ မီသတ် နှင့် အနီးနေပြည်သူများ၊ Volunteer လူမှုရေးအသင်းအဖွဲ့များက ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

နေအိမ်အတွင်း မီးခိုးများကြောင့် ပိတ်မိနေသူများထဲက ကလေး(၃)ဦးဖြစ်သည့် ယောကျာ်းလေး(၂)ဦး နှင့် မိန်းကလေး(၁)ဦး၊ အသက်(၆၀)ကျော် အမျိုးသမီးတစ်ဦးတို့ကို မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၏ အရေးပေါ်လူနာတင်ယာဉ် နှင့် တာချီလိတ်နာရေးကူညီမှုအသင်းယာဉ်တို့ဖြင့် တာချီလိတ်ခရိုင်ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားပြီး မီးခိုးကြောင့် အသက်ရှုပ်ကြပ်နေသည့် အသက်(၆၀)ကျော်အမျိုးသမီးကို အောက်ဆီဂျင်ပေးထားရကြောင်းနှင့် မစိုးရိမ်ရကြောင်း သိရသည်။

မီးလောင်သည့်နေအိမ်မှာ (၂)ထပ်ခွဲ (၃)ခန်းတွဲ နေအိမ်ဖြစ်ပြီး နေအိမ် အောက်ထပ်တွင် ကုန်ပစ္စည်းများထားရှိသည့် အခန်းတွင်း လျှပ်စစ်အထိုင်မီးခုံမှတဆင့် ဝါယာလျော့ဖြစ်ကာ မီးလောင်ကျွမ်းရာမှ နေအိမ်အတွင်းပစ္စည်းအချို့အပါအဝင် ဆိုင်ကယ်တစ်စီးလည်း မီးလောင်ပျက်စီးသွားကြောင်း သိရသည်။ 

#TachileikNewsAgency

Photo: TT(Live)