ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း သားဖွားဆရာမ(၃၅)ဦးကို CDM နေရာတွင် အစားထိုး

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း သားဖွားဆရာမ(၃၅)ဦးကို CDM နေရာတွင် အစားထိုး

အာဏာသိမ်းစစ်ကောင်စီ၏ ပြည်သူ့ကျန်းမာရေးဦးစီးဌာနလက်အောက်ရှိ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန(ကျိုင်းတုံ)က သားဖွားဆရာမ (၃၅) ဦးကို ၂၀၂၁ ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ မြို့နယ်များမှ CDM လုပ်ဆောင်ထားသည့် သားဖွားဆရာမများ၏ နေရာတွင် အစားထိုး ခန့်အပ်လိုက်ကြောင်း သိရသည်။

အစားထိုးသည့် မြို့နယ်များမှာ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း တာချီလိတ်မြို့နယ်မှ (၁၀)ဦး အပါအဝင် ကျိုင်းတုံမြို့နယ်မှ (၁၁)ဦး၊ မိုင်းဖြတ်မြို့နယ်မှ(၂)ဦး၊ မိုင်းဆတ်မြို့နယ်မှ(၄)ဦး၊ မိုင်းတုံမြို့နယ်မှ(၃)၊ မိုင်းပျဉ်းမြို့နယ်မှ (၁)ဦး၊ မိုင်းခတ်မြို့နယ်မှ (၁)ဦး၊ မိုင်းယောင်းမြို့နယ်မှ (၁)ဦးနှင့် မိုင်းယန်းမြို့နယ်မှ (၂)ဦးတို့ ပါဝင်ကြောင်း သိရသည်။

တာချီလိတ်မြို့မှ အစားထိုးသည့် (၁၀)ဦးတွင် မယ်ယန်းနှင့်မိုင်းကိုးကျေးလက်ကျန်းမာ‌ရေးဌာနတို့မှ (၇)ဦးပါဝင်ရာ CDM လုပ်ဆောင်သည့် ကျေးလက်ကျန်းမာရေးဌာနများအနက် မယ်ယန်းနှင့်မိုင်းကိုးကျေးလက်ကျန်းမာ‌ရေးဌာနကို ပူးတွဲတာဝန်ယူထားသည့် ကျန်းမာရေးမှူးသည် CDM လုပ်ဆောင်သည့် ကျန်းမာရေးဝန်ထမ်းများကို ဖိနှိပ်ခြင်း နှင့် ခြိမ်းခြောက်ခြင်းများ အမျိုးမျိုးလုပ်ဆောင်ကြောင်း CDM ကျန်းမာရေးဝန်ထမ်းများအကြား ပြောဆိုသံများလည်း ကြားသိနေရသည်။

#TachhileikNewsAgency