တာချီလိတ်တွင် သော့ပိတ်ထားသည့် နေအိမ်လိုင်းခန်းခြံဝန်းအတွင်းမှ ဆိုင်ကယ်တစ်စီး ခိုးယူခံရ

တာချီလိတ်တွင် သော့ပိတ်ထားသည့် နေအိမ်လိုင်းခန်းခြံဝန်းအတွင်းမှ ဆိုင်ကယ်တစ်စီး ခိုးယူခံရ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက် ပါလျံအိမ်ခန်းငှားခြံဝန်းအတွင်းမှ ဆိုင်ကယ်တစ်စီး ၂၀၂၁ ခုနှစ် ဇူလိုင်လ (၂၇) ရက်နေ့ညပိုင်းက ခိုးယူခံလိုက်ရကြောင်း သိရသည်။

 Honda 125 I 2018 မော်ဒယ် Click ဘီး အပြာနှင့်အနက်ရောင်ဆိုင်ကယ်ကို သော့ခတ်ထားသည့် နေအိမ်ခြံဝန်းအတွင်းမှ ခိုးယူခံရခြင်းဖြစ်ကြောင်း သိရသည်။

ခိုးယူခံရသည့်ဆိုင်ကယ် လာရောက်ရောင်းချသည်ကိုတွေ့ရှိပါက ဖုန်း  09426105259 သို့ ဆက်သွယ်အကြောင်းကြားပေးရန် ပိုင်ရှင်ဖြစ်သူက အကူအညီတောင်းခံထားသည်။

တာချီလိတ်မြို့တွင် ဆိုင်ကယ်များ မကြာခဏခိုးယူခံနေရပြီး ယခင်က ရံဖန်ရံခါ ရဲတပ်ဖွဲ့က ဖမ်းမိသည်များရှိသော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ဆိုင်ကယ်ခိုးမှုများကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခြင်းမရှိတော့သည်ကိုလည်း တွေ့ရသည်။

တာချီလိတ်တွင် ပြည်သူလူထုက ဆိုင်ကယ်ပျောက်ဆုံးမှုကို ရဲတပ်ဖွဲ့ထံ တိုင်ကြားခြင်းမရှိကြတော့ဘဲ ပြည်သူချင်း အကူအညီတောင်းခံခြင်းကိုသာ လုပ်ဆောင်လာကြသည်ကို တွေ့ရသည်။