တာချီလိတ်မြို့တွင် ဇူလိုင်လ(၂၅)ရက်နေ့၏ ညနေပိုင်းအထိ Covid-19 ကူးစက်ခံရသူ (၆၅)ဦး ထပ်တိုး

တာချီလိတ်မြို့တွင် ဇူလိုင်လ(၂၅)ရက်နေ့၏ ညနေပိုင်းအထိ Covid-19 ကူးစက်ခံရသူ (၆၅)ဦး ထပ်တိုး
ဇူလိုင် 25, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင် ယနေ့ ဇူလိုင်လ(၂၅)ရက်နေ့၏ ညနေ ပိုင်းအထိ Covid-19 စစ်ဆေးချက်များအရ Covid-19 ကူးစက်ခံထားရသူ (၆၅)ဦး ထပ်တိုးတွေ့ရှိကြောင်း သိရသည်။

ပိုးတွေ့ရှိသူများတွင် အမျိုးသား (၃၂)ဦး အမျိုးသမီး (၃၃)ဦးတို့ ဖြစ်ကြပြီး ကိုးထပ် ဟိုတယ်မှ (၁၃)ဦး၊ ရွှေမြန်မာဟိုတယ်မှ (၆)ဦး၊ ဆောက်လုပ်ရေး၊ ခရိုင်စိုက်ပျိုးရေး၊ ကျန်းမာရေး(ဆေးရုံဝန်ထမ်း)၊ မြန်မာ့စီးပွားရေးဘဏ် စသည့် ဌာနတို့မှ ဝန်ထမ်း(၆)ဦး ပါဝင်ကြောင်း သိရသည်။

ညနေပိုင်းအချိန်အထိ တွေ့ရှိထားသည့် (၆၅)ဦးတွင် အသက်(၈)လသားအရွယ် တစ်ဦးနှင့် အသက်အကြီးဆုံးအနေဖြင့် (၆၅)နှစ် နှင့် (၆၉)နှစ်အရွယ် (၂)ဦး ပါဝင်ကြောင်းသိရသည်။



တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းကာလအတွင်း ဇူလိုင်လ(၂၅)ရက်နေ့ နေ့လည်ပိုင်းအထိ ရက်ပေါင်း (၂၈)ရက်အတွင်း Covid-19 ကူးစက်ခံထားရသူ (၉၈၀)ကျော်အထိရှိနေပြီး စောင့်ကြည့်ကုသဆောင်များမှတဆင့် နေအိမ်ပြန်ခွင့်ရရှိသွားကြသူမှာ (၄၀၀)ကျော်ရှိနေကာ သေဆုံးသူမှာလည်း (၄)ဦးအထိ ရှိနေပြီဖြစ်သည်။