တောင်ကြီး မြန်မာ့စီးပွားရေးဘဏ်က ပင်စင်လစာများကို ကျောက်တိုင်ကွင်းတွင် ပြောင်းရွှေ့ထုတ်ပေးမည်

တောင်ကြီး မြန်မာ့စီးပွားရေးဘဏ်က ပင်စင်လစာများကို ကျောက်တိုင်ကွင်းတွင် ပြောင်းရွှေ့ထုတ်ပေးမည်
ဇူလိုင် 24, 2021 | ရှမ်းတောင်

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ပင်စင်လစာထုတ်မည့်သူများ ၂၀၂၁ ခုနှစ် ဇူလိုင်လ (၂၆) ရက်နေ့မှ ဇူလိုင်လ (၂၉) ရက်နေ့အထိ ကျောက်တိုင်ကွင်း မိုးလုံလေလုံအားကစားခန်းမတွင် နံနက် (၆)နာရီခွဲမှ နေ့လယ် (၁) နာရီအထိ လာရောက်ထုတ်ယူနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

COVID 19 ကာကွယ်ရေးအတွက် ပင်စင်ထုတ်ပေးမည့်နေရာကို ရွှေ့ပြောင်းထားခြင်းဖြစ်ပြီး ပင်စင်လာထုတ်မည့်သူများအနေဖြင့် Mask၊ Faceshield ၊ လက်အိတ်များဝတ်ဆင်လာကြရမည်ဟု သိရသည်။

ပင်စင်လာထုတ်သူများအနေဖြင့် E-pension ကတ် သို့မဟုတ် ပင်စင်စာအုပ်ယူလာရန် လိုအပ်ပြီး အသက်အရွယ်ကြီး၍ မလာနိုင်သူများ သို့မဟုတ် နာမကျန်းသူများ ကိုယ်တိုင်မလာနိုင်ပါက ကိုယ်စားလာထုတ်သူထံမှတစ်ဆင့် messenger သို့မဟုတ် viber ဖြင့်ခေါ်၍စိစစ်ပြီး ပင်စင်ထုတ်ပေးနေကြောင်း သိရသည်။