လာအိုနိုင်ငံဘက် မဲခေါင်မြစ်ကမ်းမှနေ၍ မြန်မာတာဝန်ရှိသူများ၏ အကူအညီရရန် ကြိုးစားသည့် မြန်မာလုပ်သားများကို တောင်ခြေ Quarantine သို့ ပို့ဆောင်ခံရ

လာအိုနိုင်ငံဘက် မဲခေါင်မြစ်ကမ်းမှနေ၍ မြန်မာတာဝန်ရှိသူများ၏ အကူအညီရရန် ကြိုးစားသည့် မြန်မာလုပ်သားများကို တောင်ခြေ Quarantine သို့ ပို့ဆောင်ခံရ

လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်မှ ဒုက္ခရောက်နေသည့် မြန်မာနိုင်ငံသားများက နေရပ်ပြန်ခွင့်ရရန် လပေါင်းများစွာစောင့်သော်လည်း ပြန်ခွင့်မရကြသဖြင့် မဲခေါင်မြစ်ကမ်းမှနေ၍ တစ်ဖက်ကမ်းမှ မြန်မာတာဝန်ရှိသူများ၏ အကူအညီရရန် နှစ်ရက်တိုင်တိုင် မိုးရွာထဲတွင် စောင့်ဆိုင်းခဲ့ကြပြီးနောက် ၂၀၂၁ ခုနှစ် ဇူလိုင်လ (၂၃) ရက်နေ့တွင် လာအိုနိုင်ငံဘက်ခြမ်း တောင်ခြေရှိ Quarantine Center သို့ ပို့ဆောင်ခံလိုက်ရပြီဖြစ်သည်။

ကလေးများ၊ ကိုယ်ဝန်ဆောင်များပါ ပါဝင်သည့် မြန်မာရွှေ့ပြောင်းလုပ်သားအဖွဲ့သည် မဲခေါင်မြစ်ကမ်းတွင် ဇူလိုင်လ (၂၂) ရက်နေ့ နံနက်ပိုင်းကတည်း စောင့်ဆိုင်းခဲ့ကြပြီး မိုးရွာနေသည့်ကြားမှ မပြန်ဘဲ ဇူလိုင်လ (၂၃) ရက်နေ့အထိ ထပ်မံစောင့်ဆိုင်းခဲ့ကြခြင်းဖြစ်သည်။

မဲခေါင်မြစ်တစ်ဖက်ကမ်းတွင် မြန်မာရွှေ့ပြောင်းလုပ်သားများ ရောက်နေသည့်သတင်းကြောင့် မြန်မာဘက်ကမ်းတွင် လုံခြုံရေးတိုးမြှင့်ထားရန် မြန်မာဘက်မှ အာဏာသိမ်းအဖွဲ့က သတိပေးထားခဲ့သည်ဟု သိရသည်။

COVID 19 ကြောင့် နှစ်နိုင်ငံ လူဖြတ်သန်းသွားလာခွင့်ကို ပိတ်ထားသည့်ကာလအတွင်း မြန်မာရွှေ့ပြောင်းလုပ်သားများ နေရပ်ပြန်ခွင့် ခက်ခဲနေကြသော်လည်း  လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်သို့ မြန်မာရွှေ့ပြောင်းလုပ်သားများစွာကို ခိုးသွင်းထားနိုင်ကြသူများလည်းရှိကြောင်း သိရသည်။