ကျောက်မဲမြို့နယ်တွင် COVID 19 ကူးစက်ခံထားရသည့် ရဲတပ်ဖွဲ့ဝင် (၁၆)ဦး အပါအဝင် အတည်ပြုလူနာ (၃၂)ဦး ထပ်တိုး

ကျောက်မဲမြို့နယ်တွင် COVID 19 ကူးစက်ခံထားရသည့် ရဲတပ်ဖွဲ့ဝင် (၁၆)ဦး အပါအဝင် အတည်ပြုလူနာ (၃၂)ဦး ထပ်တိုး
ဇူလိုင် 19, 2021 | Covid-19| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်အတွင်း COVID 19 ပိုးတွေ့ ရဲဝန်ထမ်း (၁၂) ဦးကို ညနေပိုင်းတွင် ထပ်တိုးစစ်ဆေးတွေ့ရသဖြင့်   ၂၀၂၁ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့ တစ်နေ့အတွင်း ပိုးတွေ့လူနာ ရဲ (၁၆) ဦးအပါအဝင် စုစုပေါင်း အတည်ပြုလူနာ (၃၂) ဦးတွေ့ရှိကြောင်း သိရသည်။

ယနေ့တစ်နေ့တာအတွင်း ကျောက်မဲမြို့နယ်တွင် ရခိုင်ပြည်နယ်မှ ရောက်လာ၍ ကျောက်မဲမြို့တော်ခန်းမတွင် အသွားအလာကန့်သတ်ထားသည့် ရဲ (၁၂) ဦးနှင့် နောင်ပိန်ရဲစခန်းတွင် အသွားအလာကန့်သတ်ထားသည့် ရဲဝန်ထမ်း (၄) ဦး စုစုပေါင်း (၁၆)ဦး၊ ကျောက်မဲမြို့ပေါ်မှ အတည်ပြုလူနာ (၁၃)ဦးနှင့် နောင်ပိန်ရွာမှ (၁) ဦး၊ နားအိုက်ခန့်ကျေးရွာမှ  (၁) ဦးနှင့် အထက်ရဲရွာမှ (၁) ဦးတို့တွင် ပိုးတွေ့ရခြင်းဖြစ်သည်။

ယနေ့တစ်နေ့အတွင်းမှာပင် ကုသမှုခံယူနေသည့် အတည်ပြုလူနာ (၄) ဦးလည်း သေဆုံးသွားသည်။

ကျောက်မဲမြို့နယ်အတွင်း ဇူလိုင်လ (၁၉) ရက်နေ့အထိ အတည်ပြုလူနာစုစုပေါင်း (၂၉၆) ဦးရှိနေပြီဖြစ်ပြီး ကျောက်မဲခရိုင်ဆေးရုံနှင့် နောင်ပိန်တိုက်နယ်ဆေးရုံတို့တွင် ကုသပေးနေခြင်းဖြစ်သည်။