ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း PDF များ စုပေါင်းပြီး "သျှမ်းတောင်ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုအဖွဲ့" ဖွဲ့စည်း

ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း PDF များ စုပေါင်းပြီး "သျှမ်းတောင်ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုအဖွဲ့" ဖွဲ့စည်း
ဇူလိုင် 4, 2021 | ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်း စစ်အာဏာရှင်ကို ဆန့်ကျင်နေသည့် အဖွဲ့အစည်းများ နှင့် PDF အဖွဲ့များဖြင့် သျှမ်းတောင်ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုအဖွဲ့(South Shan Youths Groups PDF)အမည်ဖြင့် မဟာမိတ်ဖွဲ့လိုက်ကြောင်း    အသိပေးထုတ်ပြန်ထားရှိသည်။

သျှမ်းတောင်ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုအဖွဲ့ကို YOUTH VOICES TAUNGGYI နှင့် TAI PDF အပါအဝင် နမ့်စန်(PDF)၊ လွိုင်လင်(PDF)၊ ပင်လုံ(PDF)၊ မိုးနဲ(PDF)  ခိုလံ(PDF)တို့ဖြင့် မဟာမိတ်အဖြစ် ပူးပေါင်းထားပြီး ဆက်လက်၍လည်း ရှမ်းပြည်နယ်တောင်ပိုင်းအတွင်းမှ PDF များ နှင့် စစ်အာဏာရှင်ကို ဆန့်ကျင်သော အဖွဲ့အစည်းများအနေဖြင့် မဟာမိတ်အဖွဲ့တွင် ပါဝင်လာနိုင်ရန်လည်း ဖိတ်ခေါ်ထားရှိသည်။

မဟာမိတ်အဖွဲ့တွင် ပါဝင်လိုသည့် PDF များအနေဖြင့် သျှမ်းတောင်ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုအဖွဲ့၏ တရားဝင် Facebook Page ဖြစ်သည့် " South Shan Youths Groups PDF "သို့ ဆက်သွယ်လာနိုင်ကြောင်း နှင့် မဟာမိတ်အဖွဲ့၏ လုပ်ဆောင်ချက်များနှင့် ထုတ်ပြန်ချက်များကိုလည်း အဆိုပါ Page တွင်သာ ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။