SSPP ၏ လုပ်ရပ်ကို ရှုတ်ချကြောင်း ရှမ်းပြည်မြောက်ပိုင်းလူငယ်များက ဆန္ဒဖေါ်ထုတ်

SSPP ၏ လုပ်ရပ်ကို ရှုတ်ချကြောင်း ရှမ်းပြည်မြောက်ပိုင်းလူငယ်များက ဆန္ဒဖေါ်ထုတ်
ဇွန် 30, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် SSPP က စစ်သားစုဆောင်းခြင်း၊ အရပ်သားသေဆုံးရသည့် လုပ်ရပ်များ လုပ်ဆောင်ခြင်းကို ရှုတ်ချသည့် လူငယ်များက ၂၀၂၁ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့တွင် ဆန္ဒထုတ်ဖေါ်ကြသည်။

 အခုရက်ပိုင်းအတွင်းဖြစ်​ပေါ်​နေ​တဲ့ SSPP ရဲ့ အကြမ်းဖက်၊ လူသတ်၊ စစ်သားစု​ဆောင်းမှု လုပ်ရပ်များကို ရှုတ်ချ​တဲ့အ​နေနဲ့ သ​ဘောထားကို ထုတ်​ဖော် ဆန္ဒပြကြတာပါ

ဟု လူငယ်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

SSPP/SSA က နမ့်ခမ်းမြို့နယ် နမ့်ဆွမ်းကျေးရွာမှ သျှမ်းလူငယ်အဖွဲ့ဝင်တစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဇွန်လ (၂၆) ရက်နေ့တွင် သေဆုံးသွားသည်ဟုဆိုသည့်အပြင် မိသားစုထံ အလောင်းကို ပြန်မပေးသဖြင့် နမ့်ခမ်းဒေသခံများက ဇွန်လ (၂၈) ရက်နေ့တွင် ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်။

ယင်းကဲ့သို့ ဆန္ဒထုတ်ဖေါ်နေသည့် အချိန်အတွင်း ပေါက်ကွဲမှု (၃)နေရာတွင် ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် (၁) ဦးသေဆုံးကာ (၃) ဦးဒဏ်ရာရခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပေါက်ကွဲမှုအား ကျူးလွန်သူများကို ပြင်းထန်စွာရှုတ်ချသည်ဟု SSPP/SSA က ယင်းနေ့မှာပင် ထုတ်ပြန်ချက် ထုတ်ပြန်လိုက်ပြီး သျှမ်းလူငယ်အဖွဲ့ဝင်သေဆုံးမှုကို ကန့်ကွက်ရှုံ့ချသည်ဟု ရှမ်းအဖွဲ့ (၁၈)ဖွဲ့က ဇွန်လ (၂၈) ရက်နေ့တွင် ပူးပေါင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။