ရှမ်းပြည်နယ်စည်ပင်ဝန်ထမ်းများတွင် Covid-19 ပိုးတွေ့၊ ကာကွယ်ဆေး(၂)ကြိမ် ထိုးထားသော်လည်း Covid-19 ကူးစက်ခံထားရသူ အနည်းဆုံး (၄)ဦး ပါဝင်နေ

ရှမ်းပြည်နယ်စည်ပင်ဝန်ထမ်းများတွင် Covid-19 ပိုးတွေ့၊ ကာကွယ်ဆေး(၂)ကြိမ် ထိုးထားသော်လည်း Covid-19 ကူးစက်ခံထားရသူ အနည်းဆုံး (၄)ဦး ပါဝင်နေ
ဇွန် 23, 2021 | Covid-19| ရှမ်းတောင်

ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနတွင် CDM မလုပ်ဆောင်ထားသည့် ပြည်နယ်စည်ပင်ဝန်ထမ်းများနှင့် မိသားစုဝင်များ အပါအဝင် အနည်းဆုံး (၈)ဦး၌ ယနေ့ ဇွန်လ(၂၃)ရက်နေ့တွင် Covid-19 ပိုးတွေ့ထားရကြောင်း သိရသည်။

အချို့က မိသားစုပါ ပေါင်းရင် (၈)ဦး ပြောပေမဲ့၊ အချို့ကျတော့လည်း ပြည်နယ်စည်ပင်ရုံးကပဲ (၈)ဦးလို့ ပြောနေကြတယ်။  မနက်ဖြန်တော့ ဆက်စပ်ထိတွေ့သူတွေ ဆက်လက်စစ်ဆေးမှု ပြုလုပ်မယ်လို့သိရတယ်

ဟု စည်ပင်ဝန်ထမ်းတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အတည်မပြုနိုင်သေးသည့် အချက်အလက်များအရ စည်ပင်မိသားစု မပါဝင်ဘဲ ဝန်ထမ်းသီးသန့် (၈)ဦးဟု သတင်းထွက်ပေါ်နေသည်များလည်း ရှိသည့်အတွက် ကျန်(၃)ဦးမှာလည်း အကြီးပိုင်းက ဖြစ်နိုင်သည့်ဟု စည်ပင်ဝန်ထမ်းများအကြား သုံးသပ်နေကြသည်။ 

လတ်တတလော ပိုးတွေ့ (၈)ဦးဟု သတင်းထွက်လာသည့် စာရင်းတွင် ပြည်နယ်စည်ပင်ရုံးမှာ ငွေစာရင်းဌာနစိတ် က (၃)ဦး၊ စီမံဌာနစိတ်က (၁)ဦး၊ အခွန်ဌာနစိတ်မှ (၁)ဦး နှင့် မိသားစုဝင် (၃)ဦး စုစုပေါင်း (၈)ဦးပါဝင်ကြောင်း နှင့် ရာထူးအားဖြင့် လက်တလောစုံစမ်းချက်အရ ဒုတိယညွှန်ကြားရေးမှူးတစ်ဦး ပါဝင်သည်ဟုလည်း သိရသည်။

 စည်ပင်ဝန်ထမ်းတစ်ဦးမှာ ဖျားနာနေပြီး အနှံ့ပျောက်နေ၍ စစ်ဆေးရာမှ Covid-19 ပိုးတွေ့ရှိ၍ ကျန်ပြည်နယ်စည်ပင်ဝန်ထမ်းများထဲက ထိတွေ့မှုရှိသည်ဟု ယူဆရသူများကိုလည်း စစ်ဆေးခြင်း ဖြစ်ကြောင်း သိရသည်။

လတ်တလော သိထားရသည့် အတည်ပြုလူနာ (၈)ဦးတွင် Covid-19 ကာကွယ်ဆေး (၂)ကြိမ် ထိုးပြီးသားဖြစ်သော်လည်း တစ်မိသားစုလုံး Covid-19 ကူးစက်ခံထားရကြောင်း သိရသည်။

ကာကွယ်ဆေး(၂)ကြိမ် ထိုးထားသော်လည်း မိသားစု(၄)ဦးစလုံး Covid-19 Postive ဖြစ်လို့ စဝ်စံထွန်းဆေးရုံ တက်ရောက်လျှက်ရှိပါသည်

ဟု ကိုဗစ်ပိုး ကူးစက်ခံထားရသူ ပြည်နယ်စည်ပင်ဝန်ထမ်းတစ်ဦးက ၎င်း၏ facebook တွင် ၎င်း၏ မိတ်ဆွေများ သိရှိနိုင်ရန် ရေးသားအသိပေးထားသည်ကိုလည်းတွေ့ရသည်။

လက်ရှိတွင် Covid-19 ပိုးတွေ့လူနာများကို စဝ်စံထွန်းဆေးရုံကြီးသို့ ပို့ဆောင်ထားရှိပြီး ကျန်ရှိသည့် ထိတွေ့မှုရှိသူများကိုလည်း စုံစမ်းရှာဖွေနေလျက်ရှိကြောင်း သိရသည်။



Photo: Crd