တန့်ယန်းမြို့တွင် လားရှိုးမြို့မှ ပြန်လာသည့် အမျိုးသားတစ်ဦးထံက Covid-19 တွေ့ရှိ

တန့်ယန်းမြို့တွင် လားရှိုးမြို့မှ ပြန်လာသည့် အမျိုးသားတစ်ဦးထံက Covid-19 တွေ့ရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် လားရှိုးမြို့က ပြန်လာသည့် အမျိုးသားတစ်ဦးထံမှ Covid-19 ပိုးတွေ့ရှိရကြောင်း သိရသည်။

တန့်ယန်းမြို့နယ်အတွင်း နမ့်ဖတ်လင်းကျေးရွာတွင် နေထိုင်သူ အသက်(၅၀)ကျော်အရွယ် အမျိုးသားတစ်ဦးသည် နာရေးကိစ္စအတွက် လားရှိုးမြို့သို့  သွားပြီးနောက် ၂၀၂၁ခုနှစ် ဇွန်လ(၇)ရက်နေ့က ပြန်လာရာ၊ ဇွန်လ(၁၃)ရက်နေ့တွင် နေထိုင်မကောင်းဖြစ်နေသည့်အတွက် ဆေးရုံသို့ ပြသစစ်ဆေးရာမှ ၎င်းတွင် Covid-19 ပိုးတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းအား ဆေးဝါးကုသနိုင်ရန်အတွက် ဇွန်လ(၁၆)ရက်နေ့တွင် လားရှိုးသို့ ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် တန့်ယန်းမြို့တွင်း၌ Covid-19 ကာကွယ်ရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာများက အသိပညာပေးမှုများ မရှိသေးဘဲ လူစုလူဝေးဖြစ်စေသည့် မင်္ဂလာဆောင်ပွဲများ နှင့် လောင်းကစားဝိုင်းများမှာ စည်ကားနေလျက်ရှိကြောင်း သိရသည်။

လားရှိုးမြို့တွင် လက်ရှိ၌ ဇွန်လအတွင်း ယနေ့ ဇွန်လ(၁၅)ရက်နေ့အထိ Covid-19 တွေ့ရှိသူ စုစုပေါင်း (၆၂)ဦးရှိနေကြောင်း သိရှိရသည်။

 

#TachileikNewsAgency