တာချီလိတ်မြို့တွင် ယခင်က စစ်ဆေးမှုများ မပြုလုပ်ခဲ့သည့် နေရာများတွင် ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်နေပြီး စစ်ဆေးစဉ် မရပ်ပေးပါက မိုးပေါ်သေနတ်ထောင်ဖောက် ခြောက်လန့်မှုများ ပြုလုပ်နေ

တာချီလိတ်မြို့တွင် ယခင်က စစ်ဆေးမှုများ မပြုလုပ်ခဲ့သည့် နေရာများတွင် ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်နေပြီး စစ်ဆေးစဉ် မရပ်ပေးပါက မိုးပေါ်သေနတ်ထောင်ဖောက် ခြောက်လန့်မှုများ ပြုလုပ်နေ
ဇွန် 12, 2021 | ရှမ်းရှေ့

တာချီလိတ်မြို့တွင် ယခင်က စစ်ဆေးမှုများ မပြုလုပ်ခဲ့သည့် နေရာများတွင် ယနေ့ ဇွန်လ(၁၂)ရက်နေ့ ည(၈)နာရီကျော်က စ၍ ရှောင်တခင် လမ်းပိတ်စစ်ဆေးမှုများ ပြုလုပ်နေပြီး ယာဉ်များအပြင် ဖုန်းများပါ ယူစစ်နေသည့်အပြင် မိုးပေါ်ထောင်၍ သေနတ်ပစ်ဖောက် ခြောက်လန့်မှုအထိ လုပ်ဆောင်ကြောင်း သိရသည်။

ယနေ့ ဇွန်လ(၂၀)ရက်နေ့ ည(၈)နာရီကျော်က စ၍ တာချီလိတ်မြို့ ကျောက်တောင် သင်္ချိုင်းဘက်လမ်း နှင့် ငွေစေတီလမ်း၊ ရီဂျီးနားဂေါက်ကွင်းလမ်း၊ ဝမ်ကောင်းရပ်ကွက်အတွင်း ဘုရင့်နောင်ပုဂ္ဂလိကဈေးရှေ့ ရတနာလမ်းပေါ် နှင့် ဆန်ဆိုင်း(ခ)ရက်ကွက်အတွင်း 1G1 ဟိုတယ်အနီး လမ်း အပြင် အာခါဈေးအမီးပွိုင့်အနီးတို့အပြင် အချို့နေရာများတွင်ပါ ရှောင်တခင် စစ်ဆေးနေခြင်း ဖြစ်ကြောင်း သိရသည်။

နောက်နေ့(၈)နာရီဆိုအတိပြန်ကြ၊ ကျော်ရင်ဖမ်းတော့မယ် ၊ အဲ့ကြမှသူတို့ကို အဆိုးမဆိုနဲ့တဲ့

ဟု စစ်ဆေးမှုအတွင်း ပြောဆိုမှုကို ကြားခဲ့ရသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောပြသည်။

နေရာတစ်နေရာတွင် အကြာကြီးစစ်ဆေးခြင်းမဟုတ်ဘဲ အချိန်သတ်မှတ်ချက်တခုသတ်မှတ်၍ စစ်ဆေးရာတွင်  ဝမ်ကောင်းရပ်ကွက်အတွင်း ဘုရင့်နောင်ပုဂ္ဂလိကဈေးရှေ့ ရတနာလမ်းပေါ်တွင် ည(၉)နာရီအချိန်အထိ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး မိုးပေါ်ထောင်၍ သေနတ်ပစ်ဖောက်မှုအထိ လုပ်ဆောင်ခဲ့သည်။

နေ့စဉ် ညနေပိုင်းကစ၍ အရပ်ဝတ်များ၊ ယူနီဖောင်းဝတ်များဖြင့် စောင့်ကြည့်နေသည့် တာချီလိတ်ဆေးရုံဟောင်းရှေ့တွင်မှု ယနေ့ ညတွင်လည်း စောင့်ကြည့်မှုများ ရှိနေကြောင်း သိရသည်။



စစ်ဆေးမှုအတွင်း ရပ်တန့်မပေးသည့် ယာဉ်များရှိသည့်အတွက်   မိုးပေါ်ထောင်၍ သေနတ်ပစ်ဖောက် ခြောက်လန့်မှုများ ပြုလုပ်ပြီး စစ်ဆေးကြောင်း သိရသည်။

ယနေ့ ဇွန်လ(၁၂)ရက်နေ့ ည(၁၀)နာရီအချိန်အထိ စစ်ဆေးမှုအတွင်း ဆိုင်ကယ်စီး လူငယ်တစ်ဦးကို ရိုက်နှက်ဖမ်းဆီးသွားသည်ဟုသိရပြီး မိုးပေါ်ထောင်ပစ်ထားသည့်အတွက် ကျည်ခွံများကိုလည်း ပြန်ကောက်ယူသွားကြသည်ဟု သိရသည်။