ရှမ်း - ကယား နယ်စပ် အထူးဒေသ(၆)တွင် နယ်မြေလုံခြုံရေးကို ကျူးကျော်ထိပါးလာသည့်အတွက် မလွှဲမရှောင်သာ ခုခံကာကွယ်ခြင်းဖြစ်ကြောင်း PNO သတင်းထုတ်ပြန်

ရှမ်း - ကယား နယ်စပ် အထူးဒေသ(၆)တွင် နယ်မြေလုံခြုံရေးကို ကျူးကျော်ထိပါးလာသည့်အတွက် မလွှဲမရှောင်သာ ခုခံကာကွယ်ခြင်းဖြစ်ကြောင်း PNO သတင်းထုတ်ပြန်

ရှမ်း - ကယားနယ်စပ်၌ PNO ၏ အထူးဒေသ(၆)  နယ်စပ်တွင် ဖြစ်ပွားလျက်ရှိသော ပစ်ခတ်မှုများ၌ နယ်မြေလုံခြုံရေးကို ကျူးကျော်ထိပါးလာသည့် အမည်မသိ လက်နက်ကိုင်အဖွဲ့များအား မလွှဲမရှောင်သာ ခုခံကာကွယ်ခြင်းသာ ဖြစ်ကြောင်း PNO အသွင်ပြောင်း ပြည်သူ့စစ်(ဌာနေ) ဗဟိုစစ်ကော်မတီက ၂၀၂၁ခုနှစ် မေလ(၃၁)ရက်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်လာသည်။ 

ပအိုဝ်းအမျိုးသားတပ်မတော်(PNA)က အခြားတိုင်းရင်းသားနယ်မြေများသို့ ကျူးကျော်စစ် မပြုလုပ်ဘဲ မိမိနယ်မြေဧရိယာလုံခြုံရေးအတွက်  ခုခံကာကွယ်စစ်အဖြစ်သာ လိုက်နာကျင့်သုံးဆောင်ရွက်နေသလို အနာဂတ်တွင် အခြားသော မည်သည့် တိုင်းရင်းသားနယ်မြေများသို့ သွားရောက်ကျူးကျော်တိုက်ခိုက်ခြင်း ပြုမည်မဟုတ်ကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။ 

PNO ၏ အထူးဒေသ(၆)နယ်မြေမှာ တောင်ကြီးခရိုင် နှင့် လွိုင်လင်ခရိုင်အတွင်းတို့ဖြစ်ကြောင်း သိရပြီး တောင်ကြီးခရိုင်အတွင်း၌ ရှမ်း - ကယားနယ်စပ်လည်း ပါဝင်ကြောင်း သိရသည်။ 

 

ပြီးခဲ့သည့် ရက်များက PNO/PNA အဖွဲ့က အာဏာသိမ်းစစ်ကောင်စီဘက်ကနေ ကူညီပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များကို တိုက်ပေးနေသည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် ယနေ့ မေလ(၃၁)ရက်နေ့တွင် ယခုလို သတင်းထုတ်ပြန်လာြခင်း ဖြစ်သည်။

 

#TachileikNewsAgency