PDF နှင့် စစ်ကောင်စီတို့ တိုက်ပွဲများ ဖြစ်ပွားနေသည့် ကယားပြည်နယ်တွင် လေယာဉ်များ ပျံဝဲနေ

PDF နှင့် စစ်ကောင်စီတို့ တိုက်ပွဲများ ဖြစ်ပွားနေသည့် ကယားပြည်နယ်တွင် လေယာဉ်များ ပျံဝဲနေ
မေ 23, 2021 | ကယား

ကယားပြည်နယ်နှင့် ရှမ်း - ကယားနယ်စပ်များတွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီလက်နက်ကိုင်များကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေချိန်တွင် ၂၀၂၁ ခုနှစ်၊ မေလ (၂၃) ရက်နေ့ ညနေ (၃) နာရီခန့်တွင် လေယာဥ် (၂) စီး ဝဲနေကြောင်း ဒေသခံများထံမှ သိရသည်။

 လေယာဥ်က အဖြူရောင် (၂) စီးပဲ အမြင့်ပျံနေတာ။ သာမန်ဆို လာလေ့ လာထ မရှိဘူး။ ခရီးသည်လေယာဥ်မျိုးလဲ မဟုတ်ဘူး။ ပုံမှန်အားဖြင့် ခရီးသည်တင်လေယာဥ်က အနီးကပ်မြင်ရတယ်။ ကျွန်တော်တို့ဆီကနေ အကြီးမြင်ရတယ်။ အဲဒါကြောင့် ပုံမှန် ခရီးသည်တင်လေယာဥ် မဟုတ်ဘူးဆိုတာ ခန့်မှန်းလို့ရတယ်။

ဟု လွိုင်ကော်မြို့ မှ ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့နှင့် ရှမ်း-ကယား နယ်စပ် လမ်းမကြီး တလျှောက် ကျေးရွာများတွင် မေလ (၂၃) ရက်နေ့နံနက်မှစ၍  ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်များ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်သည်။



#TachileikNewsAgency