ကွတ်ခိုင်နှင့်အနီးတဝိုက်တွင် ညပိုင်း လက်နက်ကြီး ပစ်ခတ်သံများကြားနေ

ကွတ်ခိုင်နှင့်အနီးတဝိုက်တွင် ညပိုင်း လက်နက်ကြီး ပစ်ခတ်သံများကြားနေ

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နှင့် အနီးဝန်းကျင် ကျေးရွာများတဝိုက်တွင် ၂၀၂၁ ခုနှစ် မေလ (၂၂) ရက်နေ့ ည (၁၀)နာရီဝန်းကျင်မှစ၍ လက်နက်ကြီးပစ်ခတ်သံများ ကြားနေရသည်ဟု ကွတ်ခိုင်မြို့ခံများထံမှ သိရသည်။

ယနေ့တိုက်ပွဲဖြစ်ပွားနေမှုများ မရှိဘဲ ညပိုင်းရောက်မှ လက်နက်ကြီး ပစ်ခတ်သံကြားရခြင်းဖြစ်ပြီး မည်သည့်တပ်ဖွဲ့များ မည်သည့်နေရာတွင် တိုက်ခိုက်နေသည်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။