ကျိုင်းတုံတက္ကသိုလ် ယာယီအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်း

ကျိုင်းတုံတက္ကသိုလ် ယာယီအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ကျိုင်းတုံတက္ကသိုလ်အား ကြားကာလအတွင်း အုပ်ချုပ်ရေးနှင့်ပညာရေးကိစ္စအဝဝကို စီမံခန့်ခွဲနိုင်ရန်အတွက် ကျိုင်းတုံတက္ကသိုလ် ယာယီအုပ်ချုပ်ရေးကောင်စီအား ၂၀၂၁ခုနှစ် မေလ(၂၂)ရက်နေ့တွင် ဖွဲ့စည်းလိုက်ကြောင်း ကြေညာထားသည်။

ကျိုင်းတုံတက္ကသိုလ် ယာယီအုပ်ချုပ်ရေးကောင်စီသည် ကျိုင်းတုံတက္ကသိုလ်မှ CDM ပြုလုပ်နေသည့် ဆရာ၊ဆရာမများ၊ ဝန်ထမ်းများ နှင့် ကျောင်းသား၊ကျောင်းသူများ၏ အခက်အခဲများကို ထောက်ပံ့ကူညီဆောင်ရွက်နိုင်ရန်၊ အလုပ်အကိုင်မဆုံးရှုံးရေး၊ ရာထူးအာမခံချက် ရရှိရေးတို့အတွက် အမျိုးသားညီညွတ်ရေးအစိုရ(NGU)၏ ပညာရေးဝန်ကြီးဌာန နှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။

အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတွင် ဖက်ဒရယ်ပညာရေးစနစ်ကို ထူထောင်ရန်၊ ဖက်ဒရယ်ပညာရေးစနစ်နှင့်အညီ တက္ကသိုလ်များကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝဖော်ဆောင်နိုင်ရန် စသည့် ကိစ္စရပ်များအတွက် ကျိုင်းတုံတက္ကသိုလ် ယာယီအုပ်ချုပ်ရေးကောင်စီအား CDM လုပ်ဆောင်ထားသည့် ဆရာ၊ဆရာမများ၊ ကျောင်းသားများသမဂ္ဂမှ ကိုယ်စားလှယ်များ နှင့် ကျောင်းသား၊ကျောင်းသူဟောင်းများဖြင့် ဖွဲ့စည်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။