သီပေါ NLD ပါတီဝင်တစ်ဦး သီပေါမှ တန့်ယန်းသို့ အသွားလမ်းတွင် လုပ်ကြံ သတ်ဖြတ်ခံရ

သီပေါ NLD ပါတီဝင်တစ်ဦး သီပေါမှ တန့်ယန်းသို့ အသွားလမ်းတွင် လုပ်ကြံ သတ်ဖြတ်ခံရ

ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့မှ  NLD ပါတီဝင် ဦးစိုင်းကံညွှန့်သည် ၂၀၂၁ ခုနှစ်၊ မေလ (၁၅) ရက်နေ့က သီပေါမှ တန့်ယန်းသို့ အသွား ခိုယောင်းကျေးရွာအရောက်တွင် လုပ်ကြံခံရပြီး သေဆုံးသွားကြောင်း သိရသည်။



ဦးစိုင်းကံညွန့်သည် ခရီးသွားဖေါ်အချို့နှင့်အတူ တန့်ယန်းသို့အသွား ခိုယောင်းကျေးရွာအရောက် နေ့လယ်(၁၂)ဝန်းကျင်တွင် လုပ်ကြံခံရ၍ အသက်ဆုံးရှုံးသွားခြင်းဖြစ်ပြီး တုတ်၊ဓါးဒဏ်ရာများရရှိထားသည့် ရုပ်အလောင်းအား တန့်ယန်းစစ်ဆေးရုံသို့ ပို့ထားသည်ဟု သိရသည်။ 



ဦးစိုင်းကံညွန့်၏ ခရီးသွားဖေါ်များကို ဆက်သွယ်၍မရသေးသဖြင့် လုပ်ကြံမှုဖြစ်စဉ်ကို မသိရသေးကြောင်း နီးစပ်သူများထံမှ သိရသည်။



ဦးစိုင်းကံညွန့်သည် ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် သီပေါမြို့နယ် NLD မှ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူလည်းဖြစ်သည်။