ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လူကဲခတ်မှားခဲ့သည့်အတွက် မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဂျပန်သံအမတ်ကြီးက အရှက်ရမိ

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Tateshi Higuchi နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ၂၀၁၇ ခုနှစ် အောက်တိုဘာလအတွင်းက နေပြည်တော်၌ တွေ့ဆုံစဉ်
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Tateshi Higuchi နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ၂၀၁၇ ခုနှစ် အောက်တိုဘာလအတွင်းက နေပြည်တော်၌ တွေ့ဆုံစဉ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လူကဲခတ်မှားခဲ့သည့်အတွက် မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဂျပန်သံအမတ်ကြီးက အရှက်ရမိ

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လူကဲခတ်မှားခဲ့သည့်အတွက် မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဂျပန်သံအမတ်ကြီးက အရှက်ရမိ

 

မြန်မာနိုင်ငံတွင် နေထိုင်စဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကြိမ်ဖန်များစွာ တွေ့ခဲ့သည့် ဂျပန်သံအမတ်ကြီးက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယုံကြည်စိတ်ချရပြီး ဉာဏ်အမြော်အမြင်နှင့်ပြည့်စုံမည်ဟု လူကဲခတ်မှားခဲ့မိသည့်အတွက် ရှက်မိသည်ဟု ဂျပန်သတင်းဌာနဖြစ်သည့် NIKKEI Asia သတင်းဌာနနှင့် တွေ့ဆုံမှုအတွင်း ပြောကြားခဲ့သည်ဟု ၂၀၂၁ ခုနှစ် ဧပြီလ (၁၅) ရက်နေ့ထုတ်သတင်းတွင် သံအမတ်ကြီး၏ပြောကြားချက်ကို ဖေါ်ပြထားသည်။ ဂျပန်သံအမတ်ကြီး Tateshi Higuchi သည် မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း တာဝန်ထမ်းဆောင်ခဲ့သည့် သံအမတ်ကြီးဖြစ်သည်။

"ကျွန်တော် မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးအဖြစ် တာဝန်ယူခဲ့တဲ့ကာလအတွင်းမှာ သီးသန့်တွေ့ဆုံတာအပါအဝင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အကြိမ် (၂၀) နီးပါး တွေ့ဆုံဖူးပါတယ်။ ရိုဟင်ဂျာကိစ္စမှာဆို ဘာတွေဖြစ်နေတယ်ဆိုတာ ဓာတ်ပုံအထောက်အထား ဘာတွေပြပြီး စစ်တပ်ရဲ့အနေအထားက ဘယလိုဆိုတာ အသေးစိတ်ရှင်းပြခဲ့တော့ သူ့မှာ နိုင်ငံရေးရည်မှန်းချက်ရှိတယ်ဆိုတာ ရိပ်မိပေမဲ့ သူဟာ ယုံကြည်စိတ်ချရပြီး ဥာဏ်အမြော်အမြင်နဲ့ပြည့်စုံလိမ့်မယ်လို့ အဲဒီတုန်းက ကျွန်တော်ထင်ခဲ့မိတာ။ ဒါပေမဲ့ လက်ရှိမြင်နေရတဲ့အခြေအနေကတော့ သူသာမက စစ်တပ်ကပါ နိုင်ငံကိုဦးဆောင်နိုင်ငတဲ့အရည်အချင်းမရှိဘူးဆိုတာကို ရှင်းရှင်းလင်းလင်းမြင်ရတာပါပဲ။ လူကဲခတ်မှားခဲ့မိတဲ့ ကိုယ့်ကိုကိုယ် ရှက်မိပါတယ်"ဟု မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဂျပန်သံအမတ်ကြီး Tateshi Higuchi က ပြောကြားလိုက်ခြင်းဖြစ်သည်။

ပြည်သူလူထု မဲပေးရွေးချယ်ခဲ့ကြသည့် ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် မဲစာရင်းအမှားကို အသုံးပြုသည်ဟု အကြောင်းပြပြီး စစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့၌ အစိုးရအဖွဲ့ကို ဖမ်းဆီးပြီး နိုင်ငံ့အာဏာသိမ်းလိုက်သည့်အပြင် စစ်အာဏာရှင်စနစ် လက်မခံကြောင်း ဆန္ဒထုတ်ဖေါ်သည့်ပြည်သူများကိုလည်း သေစေလောက်သည့်အင်အားအသုံးပြု၍ အကြမ်းဖက်သတ်ဖြတ်နှိမ်နှင်းခြင်း၊ ဖမ်းဆီးချုပ်နှောင်နှိပ်စက်ခြင်း၊ နိုင်ငံအတွင်း လွတ်လပ်စွာထုတ်ဖေါ်ပြောကြားခွင့်များကို ပိတ်ပင်ခြင်းများကို လုပ်ဆောင်နေခြင်းဖြစ်သည်။

မဲစာရင်းမှားသည်ဟု စစ်တပ်က စွပ်စွဲထားသော်လည်း ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် စောင့်ကြည့်လေ့လာခဲ့ကြသည့် နိုင်ငံတကာ အဖွဲ့အစည်းများကလည်း လွတ်လပ်၍မျှတသည့်ရွေးကောက်ပွဲဖြစ်ခဲ့သည်ဟု မှတ်ချက်ပြုထားကြသည့်အပြင် ကိုဗစ်ကာလဖြစ်သော်လည်း မိမိတို့ လိုလာသည့် အစိုးရကို ကိုယ်တိုင်ရွေးချယ်ခြင်းအား တက်ကြွစွာလုပ်ခဲ့ကြသည့် ပြည်သူလူထုကိုလည်း နိုင်ငံတကာက ချီးကျူးအသိအမှတ်ပြုထားကြခြင်းဖြစ်သည်။



Ref;  Nikkei Asia