တာမွေမြို့နယ်အတွင်း  မော်ဇ်င်န်တစ်ဦး   ကြိုးဆွဲချခံရပြီး သေဆုံးသည့် သဏ္ဍာန်ဖြင့် အသတ်ခံရ

တာမွေမြို့နယ်အတွင်း  မော်ဇ်င်န်တစ်ဦး   ကြိုးဆွဲချခံရပြီး သေဆုံးသည့် သဏ္ဍာန်ဖြင့် အသတ်ခံရ
ဧပြီ 12, 2021 | မှုခင်းသတင်း

ရန်ကုန်မြို့၊ တာမွေမြို့နယ်အတွင်း မော်ဇ်င်န်(ဗလီကျောင်း၏ ဝေယျာဝစ္စလုပ်ကိုင်သူ)တစ်ဦး ဗလီ၀တ်ပြုဆောင်အတွင်း ကြိုးများဖြင့် ချုပ်နှောင်ကာ ကြိုးဆွဲချခံရပြီး သေဆုံးသည့် သဏ္ဍာန်အသွင်ဖြင့် ယနေ့ ဧပြီလ(၁၂)ရက်နေ့ နံနက်အစောပိုင်းက သတ်ခံထားရကြောင်း သိရသည်။

တာမွေမြို့နယ် သီတာမှတ်တိုင်အနီး (၁၄၄)လမ်းတွင် ဗလီကျောင်း၏ ဝေယျာဝစ္စလုပ်ကိုင်သူ မော်ဇင်န်တစ်ဦးအား မိန်းကလေးအသွင်အဖြစ် ဂါ၀န်၊ နှုတ်ခမ်းနီ၊ မိတ်ကပ်၊ ဆံပင်အတုများ လိမ်းချယ်၀တ်ပေးထားပြီး လက်ပြန်ကြိုးများတုပ်ကာ ဗလီ ၀တ်ပြုဆောင်အတွင်း သတ်ခံထားရသည်ကို တွေ့ရရှိရခြင်း ဖြစ်ကြောင်း သိရသည်။

မော်ဇ်င်န်ဆိုသည်မှာ ဗလီဆရာမဟုတ်ဘဲ ရှေ့ဆောင်ဗလီဆရာ နှင့် ဗလီကျောင်း၏ ဝေယျာဝစ္စများ၊ ဗလီအရေးကိစ္စရပ်များကို ကူညီလုပ်ဆောင်ပေးနေသူဖြစ်ကြောင်း သိရသည်။